နောက်ခံသမိုင်းကြောင်း

        မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) အဖြစ်ပြောင်းလဲလာမှုသမိုင်း   

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖလပလခေတ်မှ ၁၉၉၁ ခုနှစ် ဇန်နဝါရီလအထိ ပြန်ကြား ရေးနှင့်အသံလွှင့်ဦးစီးဌာနအောက်တွင် ခရိုင်ခွဲမြို့နယ်များ၊ မြို့ကြီးများတွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီး ဌာန စာကြည့်တိုက်များဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်တွင် ယခင် ပြန်ကြားရေးနှင့်   အသံလွှင့်ဦးစီးဌာန လက်အောက်ဌာနခွဲတစ်ခုအဆင့်မှ သီးခြားဦးစီးဌာနအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဟူ၍ ဖွဲ့စည်းပေးခဲ့ပါသည်။                                                                                               တစ်နိုင်ငံလုံးတွင် မြို့နယ်အသီးသီး၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးများ ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ထမ်းဖွဲ့စည်းပုံအရ ဒုတိယဦးစီးမှူး (၁)ဦး၊ စာကြည့်တိုက်လက်ထောက်-၃(၁)ဦး၊ ဓာတ်ပုံ ကျွမ်းကျင်-၂(၁)ဦး၊ ရုပ်/သံ-၃(၁)ဦး၊ အငယ်တန်းစာရေး (၁)ဦး၊ လုပ်သားရုပ်သံ(၁)ဦး၊ ရုံးအကူ (၁)ဦး၊ အစောင့် (၁)ဦး စုစုပေါင်း ဝန်ထမ်း(၈)ဦးဖြင့် မြို့နယ်ရုံးကို ဖွဲ့စည်းပေးခဲ့ပါသည်။                                                 ထိုအချိန်က မြို့နယ်ရုံးများသည် ရုံးချုပ်၊ ခရိုင်ရုံးများမှ တာဝန်ပေးသည့် စာအုပ်စာစောင်များငှားရမ်း ခြင်း၊ အများပြည်သူသို့ ရုပ်မြင်သံကြားစက်ဖွင့်လှစ် ပြသပေးခြင်း၊ ကျေးရွာများအထိ ကွင်းဆင်း၍နယ်လှည့် စာကြည့်တိုက်ဆောင်ရွက်ခြင်း၊ ဟောပြောပွဲများကျင်းပခြင်း၊ လက်ကမ်းစာစောင်များထုတ်ဝေ ဖြန့်ချိခြင်း၊ နံရံကပ်စာစောင်များ ပြုစုပြသခြင်း၊ မြေစိုက်ဘုတ်တွင် နိုင်ငံတော်၏ ဖြစ်ပေါ်တိုးတက်နေသော တည်ဆောက် ပြုပြင်ရေး ဆောင်းပါး၊ ဓာတ်ပုံများပြသခြင်းများကို ဆောင်ရွက်ရပါသည်။                                             ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်/ တိုင်းဒေသကြီး/ ခရိုင်)ရုံးများမှ ညွှန်ကြား သည့် စာအုပ်စာစောင်စာရင်းများ ပြုစုခြင်း၊ မပျောက်မပျက်အောင် ထိန်းသိမ်းခြင်း၊ ပုံမှန်အစီရင်ခံစာများ တင်ပြ ခြင်းများဆောင်ရွက်ခဲ့ရပါသည်။ ၎င်းအပြင် ထိုအချိန်က ဒေသအာဏာပိုင်အဖွဲ့အစည်း၏ ညွှန်ကြားချက်အရ ရေလှောင်တမံတည်ဆောက်ရေးလုပ်ငန်း၊ ရေလွှဲဆည်တည်ဆောက်ရေးလုပ်ငန်း၊ ရေနစ် မြှပ်ရွာများ ရွေ့ပြောင်းရေးလုပ်ငန်း၊ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်း၊ နေ့ကြီးရက်ကြီးများတွင် စာတမ်းပြုစုပေး ခြင်း၊ အခမ်းအနားတက်ရောက်ခြင်းလုပ်ငန်း၊ အပတ်စဉ် ဌာနဆိုင်ရာအစည်းအဝေးများ တက်ရောက်ခြင်း လုပ်ငန်း၊ အရေးကြီးပုဂ္ဂိုလ်များ ခရီးစဉ်တွင် ပါဝင်ဆောင်ရွက်၍ သတင်းစာတွင် သတင်းပါရှိရေးလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရပါသည်။                                                                                                                        ပြောင်းလဲလာသော အခြေအနေများအရ နတ်မောက်မြို့နယ်ရုံးကို မူလ မြေစိုက်တစ်ထပ်အဆောက် အဦးကိုဖျက်သိမ်းပြီး လူထုအခြေပြုဗဟိုဌာနအဖြစ် RCC(သုံးထပ်) အဆောက်အဦးကို ဆောက်လုပ်ပြီး        (၁၈-၃-၂၀၂၂)  ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်၍ မြို့နယ်ရုံးထည်ဝါခန့်ငြားမှုကို နိုင်ငံတော်မှ ချီး မြှင့်ပေး ခဲ့ပါသည်။အဆိုပါအခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းအစိုးရအဖွဲ့ ဝန်ကြီး များ၊ တာဝန်ရှိသူများတက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့ပါသည်။          နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့စာကြည့်တိုက်အား ပြည်သူ လူထုက စိတ်ဝင်စားသော၊ အကူအညီတောင်းခံနိုင်သော ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သော နေရာ၊ ပြည်သူများအမှန်တကယ်ရင်းနှီးကျွမ်းဝင်ပြီး ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပြည်သူများအသိပညာ ဆည်းပူး ရာနေရာ၊ သတင်းအချက်အလက်များရယူရာနေရာ၊ ပြည်သူများအပန်းဖြေရာနေရာအဖြစ် ဖြစ်ထွန်း ပေါ်ပေါက် လာစေရေး ပုံဖော်ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နတ်မောက်မြို့ လူထုအခြေပြု ဗဟိုဌာန ( Community Centre)ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)၏ ညွှန်ကြားချက်နှင့် အညီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ပါသည်။ နတ်မောက်မြို့နယ်ရုံးဝန်ထမ်းများ၏ တူညီသော အသိစိတ်ဓာတ်၊ တက်ကြွ သည့်ကာယအား၊ ဉာဏအားတို့ဖြင့် လု်ပငန်းများဆောင်ရွက်ကြသဖြင့် ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။                                                             ပြည်သူအကျိုးပြုအစည်းအဝေးများ၊ အခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ဟောပြောပွဲများ၊ ကျောင်းသား လူငယ်များအတွက်ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ကာယ၊ဉာဏစသည့်ပြိုင်ပွဲများနှင့် ကွန်ပျူတာ၊အင်္ဂလိပ်စာ၊ပန်းချီသင်တန်းများဖွင့်လှစ်လျက်ရှိပါသည်။ ကလေး များ စာပေနှင့် နီးစပ်ထိတွေ့မှုရှိစေရန်အတွက် ကလေးစာဖတ်ခန်းတွင် ကလေးစာပေများ၊ ကလေးကစား စရာပစ္စည်းများ၊ ပရိဘောဂများလည်း စီစဉ်ဆောင်ရွက်ပေးထားပါသည်။ ရုံးစာကြည့်တိုက်တွင် စာဖတ် ပရိသတ်များအား စာအုပ်များအလွယ်တကူငှားရမ်းပေးနိုင်ရေးအတွက် Digital Library Management System (DLMS)စနစ်ဖြင့် အဆင့်မြှင့်တင်ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ရုံးဖွင့်ရက်များတွင်နေ့စဉ် ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများသို့ စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးလျက်ရှိပါသည်။ အထူးသဖြင့် Community Centre တွင် ဖွင့်လှစ် ထားသည့် ကလေးစာဖတ်ခန်းတွင် လစဉ်ဆေးရောင်ခြယ်ခြင်း၊ ဉာဏ်စမ်း ပဟေဠိများဖြေဆိုလေ့ကျင့်ပေးခြင်း၊ ပုံပြင်များဖတ်ရှုကာ ပြန်လည်မျှဝေခြင်း၊ လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ လူငယ်များနှင့် အလွှာအသီးသီးရှိ စာဖတ်  ပရိသတ်များ သိရှိမှတ်သားသင့်သော စာအုပ်များကို Online မှ စာအုပ်မိတ်ဆက်ခြင်း၊ အသိပညာပေး Talk Show များရိုက်ကူးထုတ်လွှင့်ခြင်းလုပ်ငန်းများကို လစဉ် ဆောင်ရွက်လျက်ရှိပါသည်။