နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ နတ်မောက်      အောက်တိုဘာ ၁၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပ ညာဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသား/သူလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေပြီးဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့်လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ဆွေးနွေးပွဲများတွင်ပါဝင်တတ် စေရန်ရည်ရွယ်၍လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက်၉နာရီအချိန်ကအခြေခံပညာအလယ် တန်းကျောင်း( တမာပင်)တွင်ကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်) ကအနာဂတ်သားကောင်းရတနာ၊သမီးကောင်းရတနာများဖြစ်လာစေရန်နှင့်နှုတ်မှုစွမ်းရည်များပြည့်ဝ လာစေရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်း လင်းပြောကြားသည်။ဆက်လက်၍မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်)ကဦးဆောင်ဆွေးနွေးသူဖြစ်ဆောင်ရွက်ကာကျောင်းသား/သူ လေးများကလူငယ်နှင့်ပညာရေး၊လူငယ်နှင့်စာဖတ်ခြင်း၊လူငယ်နှင့်စာရိတ္တ၊လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်တို့ဖြင့်ဆွေးနွေးခဲ့ကြသည်။ထို့နောက်တက်ရောက်လာကြသည့်ကျောင်းသား/သူ များကသိ လိုသည်များကိုပြန်လည်ဆွေးနွေးကြရာတာဝန်ရှိသူများကကဏ္ဍာအလိုက်ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Read More

နတ်မောက်မြို့၌အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းNever Stop Learning Talk  Showကျင်းပ

နတ်မောက်မြို့၌အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းNever Stop Learning Talk  Showကျင်းပ နတ်မောက် စက်တင်ဘာ ၁၁ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းNeverStop Learning Talk Showကျင်းပခြင်းကိုယမန်နေ့နံနက်ပိုင်းကနတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (CommunityCentre)ဘက်စုံသုံးခန်းမတွင်ပြုလုပ်ခဲ့သည်။ အဆိုပါစကားဝိုင်းဆွေးနွေးပွဲကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး (ဦးစီးအရာရှိ-တဲဖက်)ကဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ်ဆောင်ရွက်ပြီးအမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိGrade-11ကျောင်းသား/သူ( ၄)ဦးတို့ကစာရေးဆရာအောင်သင်းရေး သားသည်“လူငယ်ရဲ့ဘဝနှင့်တန်ဘိုး”စာအုပ်ထဲမှအချိန်ကိုဘယ်လိုအသုံးချသလဲ၊ထိပ်ဆုံးကလူ၊တန်ဖိုးသုံးမျိုး၊စာရိတ္တတန်ဖိုးစသည့်ခေါင်းစဥ်များဖြင့်လူငယ်များအသိပညာဗဟုသုတရရှိစေရန်အတွက် အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသည့်ကျောင်းသား/သူများကမိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာသက်ဆိုင်ရာခေါင်းစဥ်များအလိုက်ပါဝင်ဆွေးနွေးသူများကပြန်လည်ဆွေးနွေးဖြေ ကြားခဲ့ကြသည်။အဆိုပါစကားဝိုင်းသို့ဆရာ/မ များကျောင်းသား/သူ များတက်ရောက်ခဲ့ကြကြောင်းသိ ရသည်။

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင်ကလေးအလုပ်သမားပပျောက် ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင်ကလေးအလုပ်သမားပပျောက် ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ နတ်မောက် စက်တင်ဘာ ၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအားထိရောက်စွာအကောင်အထည် ဖော်နိုင်ရေးအတွက်လုပ်ငန်းညှိနိုင်းအစည်းအဝေးကိုယနေ့နံနက်၁၀နာရီအချိန်ကလူထုအခြေပြုဗဟို ဌာန(CommunityCentre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်အေးအေးစိုးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကလေးငယ်များအနေဖြင့်ပညာသင်ယူရမည့်အရွယ်တွင်လုပ်ငန်းခွင်သို့စောစီးစွာရောက်ရှိမသွားစေရန်၊ကလေးအလုပ်သမားပပျောက်ရေးအတွက်အသိပညာပေးလုပ်ငန်းများကိုပြည်သူများအတွင်းကျ ယ် ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့်ကလေးသူငယ်များ၏အခွင့်အရေးများကိုထိရောက်စွာကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက်သက်ဆိုင်ရာဌာနများ၊လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ဆရာ/မများ၊လူမှုရေးအသင်းများ၊မြို့န ယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများကလည်းအသီးသီးအကြံပြုဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

Read More

နတ်မောက်မြို့၌လူငယ်စကားဝိုင်းကျင်းပပြုလုပ်

နတ်မောက်မြို့၌လူငယ်စကားဝိုင်းကျင်းပပြုလုပ် နတ်မောက် သြဂုတ် မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ကျောင်းသား/သူ များပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂစသည့်ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍လူငယ်စကား ဝိုင်းကိုယမန်နေ့နံနက်၁၀ နာရီအချိန်ကအခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)တွင်ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူ ငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်လူ ငယ်စကားဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)မှဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့ပြီးလူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်Grade-11 (အ.ထ.က- ၁)မလှဝေကြည်ကလည်းကောင်း၊လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်Grade-9(အ.လ.က -တမာပင်)မောင်အံ့ဘုန်းသုရှင်မင်းကလည်းကောင်း၊လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်Grade-11(အ.ထ. က- ၂)မချမ်းအေးအိမ်ကလည်းကောင်း၊လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်Grade-12(အ.ထ.က- အောင်ဆန်း)မနွေးမြတ်နိုးခင်ကလည်းကောင်းအသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြ သည့်ကျောင်းသား/သူ များကသိရှိလိုသည်များကိုမေးမြန်းခဲ့ရာဦးဆောင်ဆွေးနွေးသူမှပြန်လည်ဖြေ ကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများကပြသထားသည့်နံရံကပ်စာစောင်များကိုပြသခဲ့ရာကျောင်းသား/သူ များမှစိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။  

Read More

နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေးကုသရေးအဖွဲ့မှကျောင်းသား/သူ များအား ကျန်းမာရေးကုသစောင့်ရှောက်ပေး

နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေးကုသရေးအဖွဲ့မှကျောင်းသား/သူ များအား ကျန်းမာရေးကုသစောင့်ရှောက်ပေး နတ်မောက် ဇူလိုင် ၂၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်တိုင်းရင်းဆေး ကုဌာနတို့ပူးပေါင်း၍ကျန်းမာရေးကုသစောင့်ရှောက်ပေးခဲ့ရာယမန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ခဲ့သည်။ ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်မြို့နယ်တိုင်းရင်းဆေးကုဌာနလက်ထောက်တိုင်းရင်းဆေး မှူးဒေါ်ညိုယဥ်နွဲ့ကအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/သူ များအားသွေး ပေါင်ချိန်ခြင်း၊နှာစေး၊ချောင်းဆိုးခြင်း၊အစာမကြေခြင်းတို့ကိုတိုင်းရင်းဆေးဝါးများဖြစ်သည့်သောက် ဆေးပေးခြင်း၊လိမ်းဆေးပေးခြင်းများကိုကျောင်းသား/သူ( ၇၀)ဦးကုသပေးခဲ့ကြောင်းသိရသည်။ နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေးကုသရေးအဖွဲ့ဝန်ထမ်းများကမြို့ပေါ်ရှိအခြေ ခံပညာကျောင်းများသို့လစဥ်နယ်လှည့်ကွင်းဆင်းကုသပေးလျက်ရှိကြောင်းသိရသည်။    

Read More

နတ်မောက်မြို့တွင်မြို့နယ်သဘင်အလုပ်အမှုဆောင်များရွေးခြယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပ

နတ်မောက်မြို့တွင်မြို့နယ်သဘင်အလုပ်အမှုဆောင်များရွေးခြယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပ နတ်မောက် ဇူလိုင် ၂၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင်မြို့နယ်သဘင်အလုပ်အမှုဆောင်များရွေးခြယ်တင်မြှောက် ပွဲအခမ်းအနားကိုယနေ့နံနက်၉နာရီအချိန်ကနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင်မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံသဘင်အစည်းအရုံးသဘာပတိကအလုပ်အမှု ဆောင်များ၏လုပ်ငန်းတာဝန်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ပြီးမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူးကဥပဒေရေးရာအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်နတ်မောက်မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်( ၈)ဦးတို့အားသဘင်အနု ပညာရှင်များ၏ဆန္ဒဖြင့်ရွေးခြယ်ပေးခဲ့ကြသည်။မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံသဘင်အစည်းအ ရုံးသဘာပတိကမြန်မာနိုင်ငံသဘင်အစည်းအရုံး( ဗဟို)၏ရည်ရွယ်ချက်နှင့်လမ်းညွှန်ချက်များကိုရှင်း လင်းပြောကြားခြင်းနှင့်တက်ရောက်လာကြသည့်သဘင်အနုပညာရှင်များကိုကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် နတ်မောက် ဇူလိုင် ၁၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍စာဖတ်ရှန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကိုယမန်နေ့နေ့လယ် ၂နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က( ၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြိုစာစီစာကုံး၊ပန်းချီ၊ပုံပြင်ပြောပြိုင် ပွဲများပြုလုပ်နိုင်ရေးနှင့်ဆုချီးမြှင့်ပွဲပြုလုပ်နိုင်ရေးစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြား ခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်ဆရာကြီး၊ဆရာမကြီးများကပြိုင်ပွဲများပြုလုပ်နိုင်ရေးမိမိတို့ ကျောင်းများရှိကျောင်းသား/သူ များပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ကြရန်၊အလယ်တန်းအဆင့်၊အထက် တန်းအဆင့်ကျောင်းသား/သူ များကို( ၁၃)ရက်နေ့မှစတင်၍( ၁၆)ရက်နေ့အထိပြိုင်ပွဲများပြုလုပ်မည် ဖြစ်ပြီး( ၁၇)ရက်နေ့တွင်ဆုများချီးမြှင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတက်ရောက်လာကြသည့်ဆရာကြီး၊ ဆရာမကြီးများကချပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ နတ်မောက် ဇူလိုင် ၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသား/သူလူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်၍လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက်၉နာရီခွဲအချိန်ကအမှတ်( ၂)အခြေခံပညာအ ထက်တန်းကျောင်းတွင်ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင်ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြစိုးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်စကားဝိုင်းကျင်းပရ ခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားရာကျောင်းသား/သူ များကျောင်းစာအပြင်ပြင်ပဗဟုသု တရရှိမည့်စာကောင်းပေမွန်များကိုလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စဥ်းစား တွေးခေါ်မှုမြင့်မားလာစေရန်နှင့်အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သောအလေ့အထကောင်းများရရှိ လာစေရန်၊ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်များဖြင့်လူငယ်စကား ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)ကဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီးအ.ထ.က( ၁) ကျောင်းမှကျောင်းသူဖြစ်သည့်Grade-11မလှဝင်းကြည်၊အ.ထ.က( ၂)ကျောင်းမှကျောင်းသူဖြစ်သည့် Grade-11မချမ်းအေးအိမ်၊အ.ထ.က( အောင်ဆန်း)ကျောင်းမှကျောင်းသူဖြစ်သည့်Grade-11မနွေးမြတ်နိုးခင်၊အ.လ.က( တမာပင်)ကျောင်းမှကျောင်းသားဖြစ်သည့်Grade-9မောင်အံ့ဘုန်းရှင်မင်း တို့ကစာရေးဆရာနန္ဒာသိန်းဇံရေးသားသည့်ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းခေါင်းစဥ်ဖြင့်အသီးသီး ဆွေးနွေးကြပြီးစကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်ကျောင်းသား/သူ များကလည်း…

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် နတ်မောက် ဇွန် ၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာ နတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကိုယမန်နေ့နံနက်၁၀ နာရီအချိန် ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကမိမိတို့ဌာနအ နေဖြင့်ပြည်သူများနှင့်ကျောင်းသားလူငယ်များစာပေနှင့်အလှမ်းမဝေးစေရန်စာကြည့်တိုက်ဝန်ဆောင် မှုလုပ်ငန်းများဆောင်ရွက်နေမှု၊နယ်လှည့်စာကြည့်တိုက်မော်တော်ယာဥ်ဖြင့်ကျောင်းများသို့ကွင်းဆင်း စာအုပ်စာစောင်ငှားရမ်းပေးနေမှုအကြောင်းအရာများနှင့်ဇွန်လ၂၆ရက်နေ့အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက်ပန်းချီ၊စာစီစာကုံး၊ပုံပြင်ပြော၊ကျပန်းစသည့်ပြိုင်ပွဲများပြုလုပ်မည်ဖြစ်၍ကျောင်းများရှိကျောင်းသား/သူ များဝင်ရောက်ယှဥ်ပြိုင်ကြ ရန်ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်ဆရာ/မ များကမိမိတို့ကျောင်းများ ရှိကျောင်းသား/သူ များဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးဆွေးနွေးပြောကြားခဲ့ပြီးပြိုင်ပွဲများအားဇွန်လ၁၅၊ ၁၆၊၁၇ရက်နှင့်၂၃ရက်၂၄ရက်များတွင်ပြိုင်ပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။    

Read More

ချယ်ရီပန်းနု အလှစာစုများ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ

တောင်ကြီး မတ် ၂၇          ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဆရာမကြီး သျှီ(အင်ကြင်း)၊ ဆရာကြီး ကြည်စိုး (တောင်ကြီး)၊ ဆရာမကြီး ဆွေကြည်အေး၊ ဆရာကြီး နန်းရွှေလီကြိုင်(မိုင်းပန်)နှင့် ဆရာမကြီး ငွေခြည်လင်းလက်(မြန်မာစာ)တို့ စုစည်းရေးသားထုတ်ဝေသည့် ချယ်ရီပန်းနု အလှစာစုများ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။…

Read More