နတ်မောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားရုပ်ပုံပြပုံ ပြောခြင်းအစီအစဥ်ပြုလုပ်

နတ်မောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားရုပ်ပုံပြပုံ ပြောခြင်းအစီအစဥ်ပြုလုပ် နတ်မောက် သြဂုတ်၁၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလေးစာဖတ် ခန်းတွင်အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိမူလတန်းကျောင်းသား/သူ များအားယနေ့ နံနက်ပိုင်းကရုပ်ပုံပြပုံပြင်ပြောခြင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ပေးရာတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း( စာထောက်-၃)ကကျောင်းသား/သူကလေးငယ်များအားလပ်သည့် အချိန်များ တွင်ပြည်သူ့စာကြည့်တိုက်သို့စဥ်ဆက်မပြက်ဝင်ထွက်သွားလာကြစေရန်ရည်ရွယ်၍ ဘွဲကရင်စာ ပေနှင့်ယဥ်ကျေးမှုကော်မတီမှရေးသားပြုစုသည့်စည်းလုံးခြင်းသည်လွတ်မြောက်ခြင်းရုပ်ပြပုံပြင်စာအုပ်အားကလေးငယ်များကရုပ်ပြပုံပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ နတ်မောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားစာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေရန်နှင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေ ရန်ကျောင်းသား/သူကလေးငယ်များအားလပ်သည့်အချိန်များတွင်ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း၊ပုံပြင်ပြော ခြင်း၊ကာယဥာဏစွမ်းရည်ပြိုင်ပွဲများ ကိုလစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌လူငယ်စာဖတ်ဝိုင်ဆွေးနွေးပွဲပြုလုပ်

နတ်မောက်မြို့၌လူငယ်စာဖတ်ဝိုင်ဆွေးနွေးပွဲပြုလုပ် နတ်မောက် သြဂုတ် ၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာ စောင်ချစ်မြတ်နိုးသူ(Book club)နှင့်ပူးပေါင်း၍ယနေ့နံနက်၁၁နာရီအချိန်ကစာရေးဆရာခင်မောင်ညို(ဘောဂဗေဒ)မြန်မာပြန်သည့်ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်များ စာပေဖတ်ရှုရာမှာအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်း များရရှိစေရန်၊အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မာလာစေရန်ရည်ရွယ် ၍စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍စာဖတ်ဝိုင်းကိုကျ င်းပခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကစာ ရေးစာ ရာခင်မောင်ညို(ဘောဂဗေဒ)မြန်မာပြန်သည့်ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ထဲမှ “အပြစ်မတင်ဘဲအလုပ်ဖြစ်အောင်လုပ်ပါ”ခေါင်းစဥ်ပါအကြောင်းအရာများကိုဖတ်ရှုရှင်းလင်း ခြင်း နှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူ(BookClub)အဖွဲ့ဝင်များကလည်းမိမိတို့အတွေးအမြင်အသိများ ကိုပြန်လည်ဆွေးနွေးခဲကသည်။အဆိုပါစာဖတ်ဝိုင်းသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနရှိဝန်ထမ်းများ၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ကျောင်းသား/သူ များတက်ရောက် ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ် နတ်မောက် ဇူလိုင် ၂၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာ စောင်ချစ်မြတ်နိုးသူ(Book Club)နှင့်ပူးပေါင်း၍ယနေ့နံနက်၁၁နာရီအချိန်ကစာရေးဆရာဒေါက်တာ ခင်မောင်ညို၏လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်များ စာပေဖတ်ရှုရာမှာအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍စာ ဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍စာဖတ်ဝိုင်းကိုကျင်းပခဲ့ ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)မှစာရေး ဆရာဒေါက်တာခင်မောင်ညိုရေးသားသောလူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာ အုပ်ထဲမှ “လူငယ်နှင့်စူးစမ်းလေ့လာမှုများ”ခေါင်းစဥ်ပါအကြောင်းအရာများကိုဖတ်ရှုရှင်းလင်းခြင်း နှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များကလည်းမိမိတို့အတွေးအမြင်အသိများပြန် လည်ဆွေးနွေးခဲ့ကြသည်။အဆိုပါစာဖတ်ဝိုင်းသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိဝန်ထမ်းများ၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ကျောင်းသား/သူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။    

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်စာပေဝါသနာရှင်Book Clubအဖွဲ့ဝင် များဖြင့်ပူးပေါင်း၍စာဖတ်ဝိုင်းပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်စာပေဝါသနာရှင်Book Clubအဖွဲ့ဝင် များဖြင့်ပူးပေါင်း၍စာဖတ်ဝိုင်းပြုလုပ် နတ်မောက် ဇွန် ၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်၌စာအုပ်စာစောင်ချစ်မြတ်နိုးသူ၊စာပေဝါသနာရှင် Book Clubအဖွဲ့ဝင်များနှင့်ပူးပေါင်း၍စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အ ကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းကိုယနေ့နံနက်၉နာရီ ခွဲအချိန်ကနတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါစာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်ဥမ္မာခင်ကစာအုပ်တစ် အုပ်ရဲ့အပေါ်မှာတစ်ဦးနှင့်တစ်ဦးမတူညီတဲ့အတွေးအမြင်သစ်တွေ၊စာအုပ်မှရရှိသောအသိပညာဗဟု သုတတွေကိုတစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန်နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိစာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာစာအုပ်စာပေကောင်းများလေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍စာ ပေဝါသနာရှင်Book Clubအဖွဲ့ဝင်များဖြင့်ပူးပေါင်းကာစာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍စာပေဝါသနာရှင်Book Clubအဖွဲ့ဝင်တစ်ဦးကစာရေးဆရာဒေါက်တာခင်မောင်ညိုရေး သားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ထဲမှပညာရေးအစ..စာ အုပ်များဖြင့်အစပြုပါခေါင်းစဥ်ဖြင့်ဖတ်ကြား၍ရှင်းလင်းဆွေးနွေးခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့…

Read More

နတ်မောက်မြို့၌စာပေချစ်မြတ်နိုးသူ ၊ စာပေဝါသနာရှင်များ၊ Book Clubအဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

နတ်မောက်မြို့၌စာပေချစ်မြတ်နိုးသူ ၊ စာပေဝါသနာရှင်များ၊ Book Clubအဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ နတ်မောက် ဇွန် ၂ မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ ၊စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် အမွေခံ တစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centreဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။…

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန( Community. Centre)ခန်းမတွင် လူငယ်စာဖတ်ဝိုင်းကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန( Community. Centre)ခန်းမတွင် လူငယ်စာဖတ်ဝိုင်းကျင်းပ နတ်မောက် မေ ၅ မကွေးတိုင်းဒေသကြီ၊နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Clubတို့ပူးပေါင်း၍ စာရေဆရာခင်စောတင့်ရေးသားသည့်”စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေး အမြင်စာစုများ”စာအုပ်ဖြင့်စာဖတ်ဝိုင်းကိုယနေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာဖတ်သည့်အလေ့အကျင့်မျာလက်ဆင့်ကမ်းနိုင်ရန်၊စာဖတ်သူအချင်းချင်းရင်းနှီးမှုရှိစေရန်၊ လူမှုရေးကိစ္စများတွင် တစ်ဖက်တစ်လမ်းမှပံ့ပိုးနိုင်ရန်ရည်ရွယ်၍စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ် ကြောင်းဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေက “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ထဲမှ”ရွေ့လျားစက်လှေကားပေါ်မှသူ စိမ်း”ခေါင်းစဥ်ပါအကြောင်းအရာများကို ဖတ်ပြရှင်လင်းရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူ Book Club အသင်းဝင်များကလည်း…

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်လူငယ်စာဖတ်ဝိုင်းဆွေးနွေး ပွဲပြုလုပ်

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်လူငယ်စာဖတ်ဝိုင်းဆွေးနွေး ပွဲပြုလုပ် နတ်မောက် မတ် ၁၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်လူငယ်များစာဖတ်ရှုသည့်အလေ့အထပိုမိုထွန်းကားလာစေ ရန်နှင့်အသိပညာဗဟုသုတများအပြန်အလှန်ဖလှယ်နိုင်စေရန်ရည်ရွယ်၍စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ် များအားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊စာဖတ်ရှုခြင်းဖြင့်ဆင်ခြင်တုံတရားနှင့်ဗဟု သုတများကြွယ်ဝလာစေရန်၊တစ်ဦးနှင့်တစ်ဦးအမြင်ချင်းဖလှယ်ပြီးစကားပြောဆိုဆက်ဆံမှုစွမ်း ရည်များတိုးတက်လာစေရန်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်အိပြည့်ပြည့်ခိုင်(လုပ်သားရုပ်သံ)ကစာရေးဆရာမင်းဗထူးရေးသားသည့် ဆက်စပ်မှုရှိခြင်း၏အင်္ဂါရပ်များစာအုပ်ပါ အကြောင်းအားဖတ်ကြားဆွေးနွေးခဲ့ရာတတ်ရောက် လာကြသည့် လူငယ်များကလည်းမိမိတို့၏ အမြင်များ၊သင်ခန်းစာများနှင့်ဗဟုသုတဖြစ်ဖွယ်ရာများကို တစ်ဦးချင်းအလိုက်အလှည့်ကျဆွေးနွေးခဲ့ကြသည်။အဆိုပါစာဖတ်ဝိုင်းသို့နတ်မောက်မြို့ပေါ်ရှိ ကျောင်းသား/သူ များစာပေဝါသနာရှင်လူငယ်များတတ်ရောက်ခဲ့ကြပြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကအသိပညာပေးလုပ်ငန်းများကို လစဥ်စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။    

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ နတ်မောက်   ဖေဖော်ဝါရီ ၃ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် ယနေ့ နံနက် (၉)နာရီ က “လူငယ်တွေ စဉ်းစားဖို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ နားထောင်မှုစွမ်းရည် ၊  နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်…

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်စာဖတ် ဝိုင်းပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်စာဖတ် ဝိုင်းပြုလုပ် နတ်မောက်  ဇန်နဝါရီ၁၉ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင် ချစ် မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍စာဖတ်ဝိုင်းကိုယနေ့နံ နက်၁၀နာရီအချိန်ကလူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်း မတွင်ကျင်းပခဲ့သည်။                       …

Read More

နတ်မောက်မြို့နယ်တွင် “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နတ်မောက်မြို့နယ်တွင် “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ နတ်မောက်   ဇန်နဝါရီ ၉ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေ စဉ်းစားဖို့” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပခဲ့သည်။      ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များစာပေ ဖတ်ရှု့ရာမှ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မားလားစေရန်…

Read More