နတ်မောက်မြို့၌လူငယ်စာဖတ်ဝိုင်ဆွေးနွေးပွဲပြုလုပ်
နတ်မောက် သြဂုတ် ၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာ စောင်ချစ်မြတ်နိုးသူ(Book
club)နှင့်ပူးပေါင်း၍ယနေ့နံနက်၁၁နာရီအချိန်ကစာရေးဆရာခင်မောင်ညို(ဘောဂဗေဒ)မြန်မာပြန်သည့်ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်များ
စာပေဖတ်ရှုရာမှာအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်း
များရရှိစေရန်၊အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မာလာစေရန်ရည်ရွယ်
၍စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍စာဖတ်ဝိုင်းကိုကျ
င်းပခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကစာ
ရေးစာ ရာခင်မောင်ညို(ဘောဂဗေဒ)မြန်မာပြန်သည့်ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ထဲမှ
“အပြစ်မတင်ဘဲအလုပ်ဖြစ်အောင်လုပ်ပါ”ခေါင်းစဥ်ပါအကြောင်းအရာများကိုဖတ်ရှုရှင်းလင်း
ခြင်း နှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူ(BookClub)အဖွဲ့ဝင်များကလည်းမိမိတို့အတွေးအမြင်အသိများ
ကိုပြန်လည်ဆွေးနွေးခဲကသည်။အဆိုပါစာဖတ်ဝိုင်းသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ
ရေး ဦးစီးဌာနရှိဝန်ထမ်းများ၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ကျောင်းသား/သူ
များတက်ရောက် ခဲ့ကြကြောင်းသိရသည်။


