Community Centre

နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး နတ်မောက်    ဩဂုတ် မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခြင်းကိုယမန်နေ့ ကဆောင်ရွက်ခဲ့ပါသည်။

Read More

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြော ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြော ပြိုင်ပွဲကျင်းပ နတ်မောက် သြဂုတ် ၂၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေး ဌာနတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြု ဗဟိုဌာန(CommunityCentre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် ကကျောင်းသား/သူများစာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စာဖတ်စွမ်း ဆောင်ရည်မြင့်မားစေရန်၊စကားပြောနိုင်မှုစွမ်းရည်တိုးတက်စေရန်၊ဥာဏ်ရည်ဥာဏ်သွေးထက်မြက် စေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ဆက်လက်၍ ပြိုင်ပွဲ ကိုကျင်းပခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိမူလတန်းအဆင့်ကျောင်းသား/သူလေး များကမိမိတို့နှစ်သက်သည့်ပုံပြင်ခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးဆုရရှိသည့်ကျော င်းသား/သူလေးများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆု များကို ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြော ပွဲပြုလုပ်

နတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြော ပွဲပြုလုပ် နတ်မောက် သြဂုတ် ၂၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်၁၀နာရီအချိန် ကအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း၌ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်ဝင်းမေထွန်း(စာ ထောက်-၃) ကကျောင်းသား/သူ များစာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိစေရန်ရည်ရွယ်၍စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဥ်ဖြင့်စာပေလေ့လာဖတ်ရှုစေရေးအသိပညာပေးဟောပြောခဲ့သည်။ဆက်လက်၍မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအနေဖြင့်ကျောင်းသား/သူများစာပေဗဟုသုတရရှိစေရန်အတွက်သုတ၊ရသစာအုပ်စာစောင်များငှားရမ်းပေးခြင်း၊သုတ၊ရသစာအုပ်ပေါင်းစုံကိုခင်းကျင်းပြသခြင်း၊ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေးနံရံကပ်စာစောင်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင် များခင်းကျင်းပြသခဲ့ပြီးအသိ ပညာပေးလက်ကမ်းစာစောင်များ​ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် သြဂုတ် ၂၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူများဥာဏ်ရည်ဥာဏ်သွေး ပိုမိုမြင့်မားလာစေရန်၊အစုအဖွဲ့ဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်၊စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီးစာပေချစ်မြတ်နိုးသည့်စိတ်များပေါ်ပေါက်လာကာစာဖတ်ရှု့ခြင်းဖြင့်အတွေးအမြင်ဗဟုသုတများပိုမိုကြွယ်ဝလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲများကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကတို့မေမေ ၊ပင်ဝါးရုံ၊တစ်ကိုယ်ရေသန့်ရှင်းကျန်းမာရေးနှင့်လူလေးကြီးရင်စသည့်ကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူလေးများကိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြင့်ပေးခဲ့ကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် သြဂုတ် ၂၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေး ဌာနတို့ပူးပေါင်း၍စာဖတ်ရှန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက် ၁၀ နာရီအချိန်က                           အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး(ဦးစီးအ ရာရှိ -တွဲဖက်)             …

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ နတ်မောက် သြဂုတ် ၁၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာ ရေးဌ နတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၁၀ နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/ သူများ                                     …

Read More

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်

အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက် နတ်မောက် ဩဂုတ် ၁၉ မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက်က စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး နတ်မောက် ဩဂုတ် ၁၇ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရွေ့လျားစာကြညိ့တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပးခဲ့သည်။

Read More

နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက်   ဩဂုတ် ၁၇ မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန                                  တို့ပူးပေါင်း၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လည်(၁)နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း…

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ် ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ် ပြိုင်ပွဲကျင်းပ နတ်မောက် သြဂုတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကိုယနေ့ နံနက်၉နာရီအချိန်က                       လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ လူငယ်များ                 စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အနာဂတ်တွင်အသိပညာဗဟုသုတကြွယ်ဝသည့်နိုင်ငံ့သားကောင်းများပေါ်ထွန်လာစေရန်နှင့်လူငယ်/လူရွယ်များအာရုံစူးစမ်းလေ့လာမှုနှင့်ဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်များပိုမိုလေ့လာနိုင်စေရန်နှင့်အလေ့အကျင့်ကောင်းမှအလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့်သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲဝင်ကျောင်းသား/သူလေးများကမြန်မာစာ/မြန်မာစကားစာအုပ်မှထုတ်နုတ်ထားသည့်စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲကိုယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိ…

Read More