နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် ဇန်နဝါရီ ၁၄ မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီးကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က အားလပ်ချိန်များတွင် ကျောင်းစာကြည့်တိုက် သို့သွား၍ ဖတ်ရှုခြင်း၊ စာအုပ်စာပေများ မိမိ ဘာသာ ဝယ်ယူဖတ်ရှုခြင်း၊…