မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်တွင် နံရံကပ်၊ဓာတ်ပုံ၊စာအုပ်စာစောင်ပြပွဲကို အ.လ.က(တမာပင်)တွင် ကျင်းပခဲ့သည်။အဆိုပါ ပြပွဲတွင် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအသိပညာပေးအကြောင်းအရာများ ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ ပညာပေအကြောင်းအရာများပြသခဲ့သည်။ထို့အပြင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်ပြပွဲများခင်းကျင်းပြသခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ အ.လ.က(တမာပင်)ကျောင်းမှကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။








