နတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်     အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍တီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကိုယမန်နေ့ နံနက်၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးမှူး( ၁) ဒေါ်ရီရီငြိမ်းကတီဘီရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ် ကြောင်း၊ရက်သတ္တပတ်( ၂)ပတ်ကျော်ချောင်းဆိုးခြင်း၊သွေးအန်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊အ စာစားချင်စိတ်လျော့နည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများပေါ်ပေါက်ပါကနီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာစမ်းသပ်စစ်ဆေးခြင်းကုသမှုခံယူသင့်ကြောင်းနှင့်တီဘီရောဂါရှိ/မရှိရင်ဘတ်ဓာတ် မှန်ရိုက်ခြင်း၊သလိပ်စစ်ခြင်းတို့ကိုစစ်ဆေးရမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့ရာတက် ရောက်လာကြသူများကသိရှိလိုသည်များကိုအပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကဟောပြောပွဲအပြီးတွင်တက်ရောက်လာသူများကိုအယ်လ်နီညိုရာသီဥတု​​ဖြစ်စဥ်ကာလဝယ်ကျန်းမာအောင်နေကြမယ်လက်ကမ်းစာစောင် များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။