Community Centre

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး နတ်မောက် ဩဂုတ် ၃   မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက် တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရွေ့လျားစာကြညိ့တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခဲ့သည်။

Read More

နတ်မောက်မြို့၌လူငယ်စာဖတ်ဝိုင်ဆွေးနွေးပွဲပြုလုပ်

နတ်မောက်မြို့၌လူငယ်စာဖတ်ဝိုင်ဆွေးနွေးပွဲပြုလုပ် နတ်မောက် သြဂုတ် ၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာ စောင်ချစ်မြတ်နိုးသူ(Book club)နှင့်ပူးပေါင်း၍ယနေ့နံနက်၁၁နာရီအချိန်ကစာရေးဆရာခင်မောင်ညို(ဘောဂဗေဒ)မြန်မာပြန်သည့်ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်များ စာပေဖတ်ရှုရာမှာအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်း များရရှိစေရန်၊အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မာလာစေရန်ရည်ရွယ် ၍စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍စာဖတ်ဝိုင်းကိုကျ င်းပခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကစာ ရေးစာ ရာခင်မောင်ညို(ဘောဂဗေဒ)မြန်မာပြန်သည့်ဘဝတစ်လျှောက်အောင်မြင်ပျော်ရွှင်နည်းစာအုပ်ထဲမှ “အပြစ်မတင်ဘဲအလုပ်ဖြစ်အောင်လုပ်ပါ”ခေါင်းစဥ်ပါအကြောင်းအရာများကိုဖတ်ရှုရှင်းလင်း ခြင်း နှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူ(BookClub)အဖွဲ့ဝင်များကလည်းမိမိတို့အတွေးအမြင်အသိများ ကိုပြန်လည်ဆွေးနွေးခဲကသည်။အဆိုပါစာဖတ်ဝိုင်းသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနရှိဝန်ထမ်းများ၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ကျောင်းသား/သူ များတက်ရောက် ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေးကုသရေးအဖွဲ့မှကျောင်းသား/သူ များအား ကျန်းမာရေးကုသစောင့်ရှောက်ပေး

နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေးကုသရေးအဖွဲ့မှကျောင်းသား/သူ များအား ကျန်းမာရေးကုသစောင့်ရှောက်ပေး နတ်မောက် ဇူလိုင် ၂၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်တိုင်းရင်းဆေး ကုဌာနတို့ပူးပေါင်း၍ကျန်းမာရေးကုသစောင့်ရှောက်ပေးခဲ့ရာယမန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ခဲ့သည်။ ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်မြို့နယ်တိုင်းရင်းဆေးကုဌာနလက်ထောက်တိုင်းရင်းဆေး မှူးဒေါ်ညိုယဥ်နွဲ့ကအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/သူ များအားသွေး ပေါင်ချိန်ခြင်း၊နှာစေး၊ချောင်းဆိုးခြင်း၊အစာမကြေခြင်းတို့ကိုတိုင်းရင်းဆေးဝါးများဖြစ်သည့်သောက် ဆေးပေးခြင်း၊လိမ်းဆေးပေးခြင်းများကိုကျောင်းသား/သူ( ၇၀)ဦးကုသပေးခဲ့ကြောင်းသိရသည်။ နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေးကုသရေးအဖွဲ့ဝန်ထမ်းများကမြို့ပေါ်ရှိအခြေ ခံပညာကျောင်းများသို့လစဥ်နယ်လှည့်ကွင်းဆင်းကုသပေးလျက်ရှိကြောင်းသိရသည်။    

Read More

နတ်မောက်မြို့တွင်မြို့နယ်သဘင်အလုပ်အမှုဆောင်များရွေးခြယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပ

နတ်မောက်မြို့တွင်မြို့နယ်သဘင်အလုပ်အမှုဆောင်များရွေးခြယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပ နတ်မောက် ဇူလိုင် ၂၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင်မြို့နယ်သဘင်အလုပ်အမှုဆောင်များရွေးခြယ်တင်မြှောက် ပွဲအခမ်းအနားကိုယနေ့နံနက်၉နာရီအချိန်ကနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင်မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံသဘင်အစည်းအရုံးသဘာပတိကအလုပ်အမှု ဆောင်များ၏လုပ်ငန်းတာဝန်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ပြီးမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူးကဥပဒေရေးရာအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်နတ်မောက်မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်( ၈)ဦးတို့အားသဘင်အနု ပညာရှင်များ၏ဆန္ဒဖြင့်ရွေးခြယ်ပေးခဲ့ကြသည်။မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံသဘင်အစည်းအ ရုံးသဘာပတိကမြန်မာနိုင်ငံသဘင်အစည်းအရုံး( ဗဟို)၏ရည်ရွယ်ချက်နှင့်လမ်းညွှန်ချက်များကိုရှင်း လင်းပြောကြားခြင်းနှင့်တက်ရောက်လာကြသည့်သဘင်အနုပညာရှင်များကိုကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌အခြေခံပညာကျောင်းများသို့ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေး

နတ်မောက်မြို့၌အခြေခံပညာကျောင်းများသို့ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေး နတ်မောက် ဇူလိုင် ၂၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများ ကဒေသခံပြည်သူများနှင့်ကျောင်းသား/သူ များအားစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ် ပေါ်လာစေရန်နတ်မောက်မြို့ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့်ဌာနဆိုင်ရာရုံးများ၊ အဃြေံပညာကျောင်းများသို့ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်သုတ၊ရသစာအုပ်စာစောင် များတင်ဆောင်၍လှည့်လည်ငှားရမ်းပေးလျက်ရှိရာယနေ့နံနက်ပိုင်းကအမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းတွင်သုတ၊ရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့သည်။

Read More

နတ်မောက်မြို့၌အခြေခံပညာကျောင်းများသို့ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေး

နတ်မောက်မြို့၌အခြေခံပညာကျောင်းများသို့ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်သုတ/ရသ စာအုပ်စာစောင်များငှားရမ်းပေး နတ်မောက် ဇူလိုင် ၂၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများ ကဒေသခံပြည်သူများနှင့်ကျောင်းသား/သူ များအားစာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ် ပေါ်လာစေရန်နတ်မောက်မြို့ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့်ဌာနဆိုင်ရာရုံးများ၊ အဃြေံပညာကျောင်းများသို့ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့်သုတ၊ရသစာအုပ်စာစောင် များတင်ဆောင်၍လှည့်လည်ငှားရမ်းပေးလျက်ရှိရာယနေ့နံနက်ပိုင်းကအခြေခံပညာအထက်တန်း ကျောင်း( အောင်ဆန်း)တွင်သုတ၊ရသစာအုပ်စာစောင်များငှားရမ်းပေးခဲ့သည်။ ထိုသို့ကျောင်းသား/သူ များအားစာအုပ်စာအုပ်စာစောင်များငှားရမ်းပေးရာတွင်ရုံးဝန်ထမ်းများကငှား ရမ်းဖတ်ရှုလိုသည့်သုတ/ရသစာအုပ်စာစောင်များကိုကူညီဆောင်ရွက်ပေးခဲ့ပြီးစာပေဝါသနာရှင်များ နှင့်စာဖတ်ပရိတ်သတ်များငှားရမ်းဖတ်ရှုလိုသည့်စာအုပ်/စာစောင်များကိုမြို့နယ်ပြည်သူ့စာကြည့်တိုက် သို့အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့်ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်အတွင်းဝတ္ထု၊ မဂ္ဂဇင်း၊ရုပ်ပြနှင့်အသိပညာဗဟုသုတများစွာရရှိမည့်သုတ/ရသစာအုပ်များကိုငှားရမ်းပေးခဲ့ပြီးစာအုပ် များကို( ၂)ပတ်တစ်ကြိမ်အသစ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။    

Read More

နတ်မောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားရုပ်ပုံပြပုံ ပြောခြင်းအစီအစဥ်ပြုလုပ်

နတ်မောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားရုပ်ပုံပြပုံ ပြောခြင်းအစီအစဥ်ပြုလုပ် နတ်မောက် ဇူလိုင် ၂၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလေးစာဖတ်ခန်းတွင်အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိမူလတန်းကျောင်းသား/သူ များအားယနေ့ နံနက်ပိုင်းကရုပ်ပုံပြပုံပြင်ပြောခြင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ပေးရာတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အိပြည့်ပြည့်ခိုင်( လုပ်သားရုပ်သံ)ကကျောင်းသား/သူကလေးငယ်များအားလပ်သည့်အချိန်များ တွင်ပြည်သူ့စာကြည့်တိုက်သို့စဥ်ဆက်မပြက်ဝင်ထွက်သွားလာကြစေရန်ရည်ရွယ်၍လီခခ်စာပေနှင့်ယဥ် ကျေးမှုကော်မတီမှရေးသားပြုစုသည့် “ကူညီတတ်သောငှက်ကလေး”ရုပ်ပြပုံပြင်စာအုပ်အားကလေး ငယ်များကရုပ်ပြပုံပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားစာဖတ်သည့်အလေ့အ ကျင့်ကောင်းရရှိစေရန်နှင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ကျောင်းသား/သူကလေးငယ်များ အားလပ်သည့်အချိန်များတွင်ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း၊ပုံပြင်ပြောခြင်း၊ကာယဥာဏစွမ်းရည်ပြိုင်ပွဲများ ကိုလစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  

Read More

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဗဟုသုတမျှဝေခြင်းအစီအစဥ်ဖြင့် ဆောင်ရွက်

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဗဟုသုတမျှဝေခြင်းအစီအစဥ်ဖြင့် ဆောင်ရွက် နတ်မောက် ဇူလိုင် ၂၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဝန်ထမ်းများ အသိဥာဏ်နှင့်စွမ်းရည်ကိုမြှင့်တင်ရန်၊အတွေ့အကြုံသစ်များဗလှယ်ရန်၊လူမှုအသိုက်အဝန်းအတွင်းတီ တွင်ဖန်တီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်ဗဟုသုတမျှ ဝေခြင်းအစီအစဥ်ဆောင်ရွက်ခြင်းကိုယနေ့နံနက်၁၀ နာရီအချိန်ကအဆိုပါရုံးတွင်ဆောင်ရွက်ခဲ့ကြ သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကရုံးဝန်ထမ်း များလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်တာဝန်သိမှု၊တာဝန်ယူမှု၊တာဝန်ခံမှု၊စိတ် ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတို့အတွက်ချမှတ်သည့်အျက်( ၁၄)ချက်အားရှင်းလင်းခြင်းနှင့်စာရေး ဆရာချစ်နိုင်( စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်ကောင်း”ခေါင်းစဥ်ပါအကြောင်းအရာများ ကိုရှင်းလင်းပြောကြားခဲ့သည်။အဆိုပါဗဟုသုတမျှဝေခြင်းအစီအစဥ်ဆောင်ရွက်ရာတွင်ရုံးဝန် ထမ်းများကလည်းစိတ်ဝင်စားစွာရေးမှတ်ကြပြီးသိရှိလိုသည့်အကြောင်းအရာများကိုအပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)တွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)တွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် ဇူလိုင် ၂၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနည်လှည့်စာ ကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းကအခြေခံပ ညာအထက်တန်းကျောင်း( အောင်ဆန်း)ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် ကကျောင်းသား/သူ များအနေဖြင့်အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ဗဟုသုတတိုးပွား စေရေးအတွက်ကျောင်းစာအပြင်ပြင်ပစာပေများကိုပါလေ့လာဖတ်ရှုကြစေရန်၊ဗလငါးတန်နှင့်ပြည့်စုံ သောလူတော်လူကောင်းများဖြစ်လာစေရန်အတွက်ဟောပြောခြင်းနှင့်ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေကစာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့်ကျောင်းသား/သူ များစာတတ်ဖို့ သာမကပညာတတ်ဖို့ပါကြိုးစားကြရန်စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့ နောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအာ/ကာမှူးကကျောင်းအုပ်ဆရာကြီးအားကျောင်း သား/သူ များအတွက်အားကစားပစ္စည်းများပေးအပ်ခဲ့သည်။အဆိုပါဟောပြောပွဲသို့မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ဆရာ/မ များနှင့် ကျောင်းသား/သူ များတက်ရောက်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့်ကျောင်းသား/သူ များအသိပညာဗဟုသုတများတိုးပွားစေရန်နယ်လှည့်စာ ကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်ပြပွဲနှင့်ဟောပြောပွဲများကိုစဥ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ် နတ်မောက် ဇူလိုင် ၂၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာ စောင်ချစ်မြတ်နိုးသူ(Book Club)နှင့်ပူးပေါင်း၍ယနေ့နံနက်၁၁နာရီအချိန်ကစာရေးဆရာဒေါက်တာ ခင်မောင်ညို၏လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်များ စာပေဖတ်ရှုရာမှာအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍စာ ဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍စာဖတ်ဝိုင်းကိုကျင်းပခဲ့ ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)မှစာရေး ဆရာဒေါက်တာခင်မောင်ညိုရေးသားသောလူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာ အုပ်ထဲမှ “လူငယ်နှင့်စူးစမ်းလေ့လာမှုများ”ခေါင်းစဥ်ပါအကြောင်းအရာများကိုဖတ်ရှုရှင်းလင်းခြင်း နှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များကလည်းမိမိတို့အတွေးအမြင်အသိများပြန် လည်ဆွေးနွေးခဲ့ကြသည်။အဆိုပါစာဖတ်ဝိုင်းသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိဝန်ထမ်းများ၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ကျောင်းသား/သူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။    

Read More