နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဓာတ်မြေသြဇာနှင့်နေ ကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတောင်သူအသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက် စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့်နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကိုယမန်မေ့နံနက်၁၀နာရီအချိန်ကမြို့နယ်ပြန်ကြားကေးနှင့်ပြည်သူ့ဆက်ဆံကေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံ သုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌဦးဝင်းနိုင်ဦးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဒေါ်မြင့်မြင့်ချိုကဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဓာတ်မြေသြဇာနှင့်ဆီထွက်သီးနှံနေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဥ်၍နတ်မောက်မြို့နယ်တွင်ချည်မျှင်ရှည်ဝါစိုက်ဧက( ၃၀၆၄၂)ဧကလျာထားပြီးယနေ့ထိ(၃၀၆၄၈)လျာထားချက် ကျော်လွန်အောင်စိုက်ပျိုးပြီးဖြစ်ရာဝါပန်းတိုင်အထွက်နှုန်းရရှိရေး(၁၇၁၂၄)ဧကစိုက်ပျိုးထားရှိပြီး ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်(၆၂၅)ဧက စိုက်ပျိုးထားရှိပြီးဝါပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်နှင့်မျိုးသန့်ထုတ်စိုက်ပျိုးသည့်တောင်သူများအားကွန်ပေါင်းဓာတ်မြေသြဇာနှင့်နေကြာစိုက်တောင်သူများအားနေကြာမျိုးစေ့ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။အဆိုပါထောက်ပံ့
ပေးအပ်ပွဲသို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ၊ဌာနဆိုင်ရာအကြီးအကဲများနှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးတို့ကဝါပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်ဆောင် ရွက်သည့်ကျေးရွာအုပ်စု( ၇)အုပ်စုနှင့်မျိုးစေ့ထုတ်ဆောင်ရွက်သည့်ကျေးရွာအုပ်စု(၇)အုပ်စုမှတက် ရောက်လာကြသည့်တောင်သူအစုအဖွဲ့ခေါင်းဆောင်(၆၀)ဦးတို့အားဓာတ်မြေသြဇာနှင့်နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်




