နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင်ကလေးအလုပ်သမားပပျောက် ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ
နတ်မောက် စက်တင်ဘာ ၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များအားထိရောက်စွာအကောင်အထည် ဖော်နိုင်ရေးအတွက်လုပ်ငန်းညှိနိုင်းအစည်းအဝေးကိုယနေ့နံနက်၁၀နာရီအချိန်ကလူထုအခြေပြုဗဟို ဌာန(CommunityCentre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်အေးအေးစိုးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကလေးငယ်များအနေဖြင့်ပညာသင်ယူရမည့်အရွယ်တွင်လုပ်ငန်းခွင်သို့စောစီးစွာရောက်ရှိမသွားစေရန်၊ကလေးအလုပ်သမားပပျောက်ရေးအတွက်အသိပညာပေးလုပ်ငန်းများကိုပြည်သူများအတွင်းကျ
ယ် ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့်ကလေးသူငယ်များ၏အခွင့်အရေးများကိုထိရောက်စွာကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက်သက်ဆိုင်ရာဌာနများ၊လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ဆရာ/မများ၊လူမှုရေးအသင်းများ၊မြို့န
ယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများကလည်းအသီးသီးအကြံပြုဆွေးနွေးခဲ့ကြ
ကြောင်း သိရသည်။



