နတ်မောက်မြို့၌စာရေးဆရာအောင်သင်းရေးသားသည့်လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့်စာဖတ်ရှိန် မြှင့်တင်ရေးလူငယ်စာဖတ်ဝိုင်းပြုလုပ် 

နတ်မောက်မြို့၌စာရေးဆရာအောင်သင်းရေးသားသည့်လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့်စာဖတ်ရှိန် မြှင့်တင်ရေးလူငယ်                  စကားဝိုင်းပြုလုပ်
နတ်မောက် သြဂုတ် ၂၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာပေဝါသ နာပါသူBook
Club အဖွဲ့ဝင်များဖြင့်ပူးပေါင်း၍စာရေးဆရာအောင်သင်းရေးသားသည့်လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့်လူငယ်စာဖတ်ဝိုင်းကိုယနေ့နံနက်၁၀နာရီးအချိန်ကနတ်မောက်မြို့လူထုအခြေပြုဗ ဟိုဌာန(CommunityCentre)ဘက်စုံသုံးခန်းမ၌ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်
ကစာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြင့်တစ်ဦးနဲ့တစ်ဦးအတွေးအခေါ်အယူအဆများကိုနှီးနှောဖလှယ်နိုင်ခြင်း၊
စာပေလေ့လာဖတ်ရှုခြင်းဖြင့်အသိပညာဗဟုသုတတိုးပွားလာခြင်း၊အမှန်နှင့်အမှားကိုဝေဖန်ပိုင်းခြားနိုင်ခြင်း၊အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ခြင်း၊ယဥ်ကျေးသိမ်မွေ့၍ကိုယ်ကျင့်တရားကောင်းမွန်ခြင်းစသည့်အကျိုးကျေးဇူးများရရှိလာမည်ဖြစ်သည့်အတွက်ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက် ၍စာရေးဆရာအောင်သင်းရေးသားသည့်လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ထဲမှ “တန်ဖိုး(
၃)မျိုး၊စာရိတ္တတန်ဖိုး၊ပညာသင်တယ်ဆိုတာ”စသည့်ခေါင်းစဥ်များဖြင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ
ရေးဦး စီးဌာနရှိဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)၊ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)၊ဒေါ်ဝင်းမေထွန်း ( စာကြည့်တိုက်လက်ထောက်-
၃)တို့ကဆွေးနွေးခဲ့ကြရာတက်ရောက်လာကြသည့်စာပေဝါသနာပါသူ BookClubအဖွဲ့ဝင်များကသိရှိလိုသည့်အကြောင်းအရာများကိုအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026