နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက် ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လည်(၁)နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်ရေးရာအသိပညာပေးလုပ်ငန်းဆိုသည်မှာ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကဲ့သို့သော ဆိုးကျိုးများကို ရှောင်ရှားတတ်စေရန်နှင့် အနာဂတ်တွင် နိုင်ငံအတွက် အားကိုးအားထားပြုရမည့် သားကောင်းသမီးမွန်များ ဖြစ်လာစေရန် စသည့်အကြောင်းအရာများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား/သူများကို မူးယစ် ဆေးဝါးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
