နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ် ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ် ပြိုင်ပွဲကျင်းပ
နတ်မောက် သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကိုယနေ့ နံနက်၉နာရီအချိန်က                       လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ လူငယ်များ                 စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အနာဂတ်တွင်အသိပညာဗဟုသုတကြွယ်ဝသည့်နိုင်ငံ့သားကောင်းများပေါ်ထွန်လာစေရန်နှင့်လူငယ်/လူရွယ်များအာရုံစူးစမ်းလေ့လာမှုနှင့်ဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ မြန်မာစာလုံးပေါင်းသတ်ပုံအမှန်များပိုမိုလေ့လာနိုင်စေရန်နှင့်အလေ့အကျင့်ကောင်းမှအလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့်သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲဝင်ကျောင်းသား/သူလေးများကမြန်မာစာ/မြန်မာစကားစာအုပ်မှထုတ်နုတ်ထားသည့်စာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲကိုယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိ ရသည်။

oplus_1026
oplus_1026
oplus_1026.