Community Centre

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် သြဂုတ် ၁၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန် မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေ့ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကစာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မားစေရန်၊စိတ်လက်ပျော်ရွှင်စေရန်၊ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရ ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိမူလတန်းအဆင့်ကျောင်းသား/သူများကကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာကျောင်းသား/သူလေးများမှမိမိတို့နှစ်သက်သည့်ကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ကြပြီးဆုရရှိသည့်ကျောင်းသား/သူလေးများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီး မြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားရုပ်ပုံပြပုံ ပြောခြင်းအစီအစဥ်ပြုလုပ်

နတ်မောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားရုပ်ပုံပြပုံ ပြောခြင်းအစီအစဥ်ပြုလုပ် နတ်မောက် သြဂုတ်၁၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလေးစာဖတ် ခန်းတွင်အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိမူလတန်းကျောင်းသား/သူ များအားယနေ့ နံနက်ပိုင်းကရုပ်ပုံပြပုံပြင်ပြောခြင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ပေးရာတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း( စာထောက်-၃)ကကျောင်းသား/သူကလေးငယ်များအားလပ်သည့် အချိန်များ တွင်ပြည်သူ့စာကြည့်တိုက်သို့စဥ်ဆက်မပြက်ဝင်ထွက်သွားလာကြစေရန်ရည်ရွယ်၍ ဘွဲကရင်စာ ပေနှင့်ယဥ်ကျေးမှုကော်မတီမှရေးသားပြုစုသည့်စည်းလုံးခြင်းသည်လွတ်မြောက်ခြင်းရုပ်ပြပုံပြင်စာအုပ်အားကလေးငယ်များကရုပ်ပြပုံပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ နတ်မောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေးစာဖတ်ခန်းတွင်ကျောင်းသား/သူ များအားစာဖတ်သည့်အလေ့အကျင့်ကောင်းရရှိစေရန်နှင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေ ရန်ကျောင်းသား/သူကလေးငယ်များအားလပ်သည့်အချိန်များတွင်ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း၊ပုံပြင်ပြော ခြင်း၊ကာယဥာဏစွမ်းရည်ပြိုင်ပွဲများ ကိုလစဥ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ နတ်မောက်     သြဂုတ် ၁၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာဖတ်ရှိန် မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယမန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)ကကျောင်းသား/သူများအားအင်္ဂလိပ်စာအခြေခံအားနည်းသူများပြားသည့်အတွက်အခြေခံ အဆင့်မှစ၍အင်္ဂလိပ်စာအရေးအဖတ်အားကောင်းစေရန်၊လူငယ်၊လူရွယ်များအာရုံစူးစမ်းလေ့လာမှု နှင့်ဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊အစုအဖွဲ့အတွင်းပူးပေါင်းပါဝင် တတ် စေရန်၊အလေ့အကျင့်ကောင်းမှအလေ့အထကောင်းများရရှိစေရန်ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲ များကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ဆက်လက်၍ပြိုင်ပွဲကိုကျင်းပရာတွင်မူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက် သည့်ခေါင်းစဥ်များဖြင့်အင်္ဂလိပ်စာဖတ်စွမ်းရည် ပြိုင်ပွဲယှဥ်ပြိုင်ကြပြီးဆုရရှိသည့်ကျောင်းသား/သူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေး ခဲ့သည်။

Read More

နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကတိုင်းရင်းဆေးပင်များ၏ဆေးဖတ်ဝင်အသုံးဝင်ပုံများ အကြောင်းအသိပညာပေးဟောပြော

နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကတိုင်းရင်းဆေးပင်များ၏ဆေးဖတ်ဝင်အသုံးဝင်ပုံများ အကြောင်းအသိပညာပေးဟောပြော နတ်မောက် ဩဂုတ် မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း ၍တိုင်းရင်းဆေးပင်များ၏ဆေးဖတ်ဝင်အသုံးဝင်ပုံများအကြောင်းအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါဟောပြောပွဲတွင်မြို့နယ်တိုင်းရင်းဆေးကုဌာနလက်ထောက်တိုင်းရင်းဆေးမှူးဒေါ်ညိုယဥ်နွဲ့က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ကျောင်းသား/သူ များကိုဂျင်း၊ရှောက်သီး၊သက်ရင်းကြီးရွက်၊ဇီယာရွက်၊ သင်္ဘောရွက်နှင့်တမာရွက်တို့၏ဆေးဖတ်ဝင်အသုံးပြုနိုင်သည့်အသိပညာပေးဟောပြောခဲ့ပြီးကျောင် သား/သူ များ၏တစ်ကိုယ်ရည်သန့်ရှင်းရေး၊မိုရာသီအဓိကဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရော ဂါ၊နှာစေးချောင်းဆိုးခြင်း၊အစာမကြေခြင်းတို့ကိုတိုင်းရင်းဆေးဖြင့်သောက်ဆေးပေးခြင်း၊လိမ်းဆေး ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့လျက်ရှိကြောင်းသိရသည်။နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသခြင်းများကိုမြို့ပေါ်ရှိစာသင်ကျောင်းများကိုလစဥ်နယ်လှည့်ကွင်းဆင်းကုသပေး လျက်ရှိကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ နတ်မောက် သြဂုတ် ၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံ ပညာရေးဌာနတို့ပူးပေါင်း၍နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြု လုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မခင်က ကလေးငယ်များအားလပ်သည့်အချိန်တွင်စာကြည့်တိုက်သို့လာရောက်၍စာပေဗဟုသုတများလေ့လာ တတ်သည့်အလေ့အထများရရှိစေရန်၊ကလေးငယ်များအချင်းချင်းပူးပေါင်းဆောင်ရွက်တတ်ပြီး ကောင်းသောယှဥ်ပြိုင်လိုစိတ်များရှိစေရေးနှင့်မိမိကိုယ်ပိုင်ဥာဏ်ရည်အတွေးအခေါ်များပေါ်လွင်စေရေးအတွက်ရည်ရွယ်၍ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး “စာတတ်မြောက် ရေးဝိုင်းကူပေး”ခေါင်းစဥ်ဖြင့်ပြိုင်ပွဲကိုကျင်းပခဲ့သည်။ထို့နောက်ပြိုင်ပွဲတွင်ကျောင်းသား/သူ( ၃၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အ-လ-က(တမာပင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အ-လ-က(တမာပင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး နတ်မောက် ဩဂုတ် ၇ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အ-လ-က(တမာပင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရွေ့လျားစာကြညိ့တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပးခဲ့သည်။  

Read More

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဗဟုသုတမျှဝေခြင်းအစီအစဥ် ဆောင်ရွက်ပေး

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဗဟုသုတမျှဝေခြင်းအစီအစဥ် ဆောင်ရွက်ပေး နတ်မောက် သြဂုတ် ၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဝန်ထမ်းများ အသိပဥာဏ်နှင့်စွမ်းရည်မြှင့်တင်ရန်၊အတွေ့အကြုံအသစ်များဖလှယ်ရန်၊လူမှုအသိုက်အဝန်းအတွင်း တီထွင်ဖန်တီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်ဗဟုသုတ မျှဝေခြင်းအစီအစဥ်ဖြင့်ဆောင်ရွက်ခြင်းကိုယမန်နေ့နံနက်၁၁နာရီအချိန်ကအဆိုပါရုံးတွင်ဆောင် ရွက်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကရုံးဝန်ထမ်း များလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်တာဝန်သိမှု၊တာဝန်ယူမှု၊တာဝန်ခံမှုများရှိစေရန်စာရေးဆရာနေလင်းသူရေးသားသည့် “တိတ်ဆိတ်ခြင်း၏တန်ဖိုး”ခေါင်းစဥ်ပါအကြောင်းအရာ များကိုရှင်းလင်းပြောကြားခဲ့သည်။အဆိုပါဗဟုသုတမျှဝေခြင်းအစီအစဥ်ဆောင်ရွက်ရာတွင်ရုံးဝန် ထမ်းများကစိတ်ပါဝင်စားစွာရေးမှတ်ကြပြီးသိရှိလိုသည့်အကြောင်းအရာများကိုအပြန်အလှန်မေး မြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်နယ်လှည့်စာကြည့်တိုက်နံရံကပ်စာ စောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်

နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်နယ်လှည့်စာကြည့်တိုက်နံရံကပ်စာ စောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲဆောင်ရွက် နတ်မောက် သြဂုတ် ၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကျောင်းသား/သူ များအားလပ်သည့်အချိန်တွင်စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ၊အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍နယ်လှည့်စာကြည့်တိုက်၊နံရံ ကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲဆောင်ရွက်ခြင်းကိုယနေ့နံနက်၉နာရီအချိန်ကအခြေခံပညာအ လယ်တန်းကျောင်း( တမာပင်)တွင်ပြုလုပ်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင်အ.လ.က( တမာပင်)ကျောင်းအုပ်ဆရာမဒေါ်မာဌေးကကျောင်းသား/သူ များ အားအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်အသိပညာဗဟုသုတတိုးပွားစေရန်၊အားလပ်ချိန် တွင်ပြည်သူ့စာကြည့်တိုက်သို့သွားရောက်စာပေများလေ့လာဖတ်ရှုစေရန်စသည့်အကြောင်းအရာများ ကိုပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်နှင့် ဒေါ်ဝင်းမေထွန်း( စာထောက်- ၃)တို့ကကျောင်းသား/သူ များအားစာဖတ်ခြင်းဖြင့်ရရှိနိုင်သောအကျိုး ကျေးဇူးများ၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့်လူကုန်ကူးမှုအန္တရာယ်အကြောင်း၊နေ့ ထူးနေ့မြတ်များအကြောင်း၊စာဖတ်ခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများ၊စာကြည့်တိုက်ကိုအ သုံးချတတ်လာပြီးစာဖတ်သည့်အလေ့အထကောင်းများရရှိလာနိုင်ခြင်းတို့ကိုအသိပညာပေးဟော ပြောခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့်နံရံ ကပ်စာစောင်များကိုကျောင်းသား/သူလေးများကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြ ကြောင်းသိရသည်။  …

Read More

နတ်မောက်မြို့၌လူငယ်စကားဝိုင်းကျင်းပပြုလုပ်

နတ်မောက်မြို့၌လူငယ်စကားဝိုင်းကျင်းပပြုလုပ် နတ်မောက် သြဂုတ် မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ကျောင်းသား/သူ များပညာဗဟုသုတများပြည့်စုံကြွယ်ဝပြီး ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂစသည့်ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍လူငယ်စကား ဝိုင်းကိုယမန်နေ့နံနက်၁၀ နာရီအချိန်ကအခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)တွင်ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူ ငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်လူ ငယ်စကားဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)မှဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ခဲ့ပြီးလူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်Grade-11 (အ.ထ.က- ၁)မလှဝေကြည်ကလည်းကောင်း၊လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်ဖြင့်Grade-9(အ.လ.က -တမာပင်)မောင်အံ့ဘုန်းသုရှင်မင်းကလည်းကောင်း၊လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်Grade-11(အ.ထ. က- ၂)မချမ်းအေးအိမ်ကလည်းကောင်း၊လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့်Grade-12(အ.ထ.က- အောင်ဆန်း)မနွေးမြတ်နိုးခင်ကလည်းကောင်းအသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြ သည့်ကျောင်းသား/သူ များကသိရှိလိုသည်များကိုမေးမြန်းခဲ့ရာဦးဆောင်ဆွေးနွေးသူမှပြန်လည်ဖြေ ကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများကပြသထားသည့်နံရံကပ်စာစောင်များကိုပြသခဲ့ရာကျောင်းသား/သူ များမှစိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက်မြို့၌သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ် နတ်မောက် သြဂုတ် ၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေး ဌာနတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေးဟောပြောခြင်းကိုယမန်နေ့နံနက်ပိုင်းကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်ရီရီငြိမ်းကသွေး လွန်တုပ်ကွေးကင်းဝေးရေးလူတိုင်းပါဝင်ကူညီဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီသွေးလွန်တုပ် ကွေးရောဂါလက္ခဏာများ၊ခြင်ကျားကြောင့်ဖြစ်ပွားတတ်သည့်ရောဂါများအကြောင်း၊ဆင်ခြေထော က်ရောဂါ၊ဂျပန်ဦးနှောက်ရောင်ရောဂါ၊ငှက်ဖျားရောဂါများအကြောင်း၊ဖုံး၊သွန်၊လဲ၊စစ်၊ခတ်၊ထောင်၊လောင်း၊ ဖွင့်၊ရှင်း၊မြုပ်၊ထည့်စသည့်အကြောင်းအရာများကိုဟောပြောခဲ့ပြီးကျောင်းသား/သူများသွေးလွန်တုပ်ကွေးဖြစ်ပွားသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနဆေးရုံ၊ဆေးခန်းများသို့အမြန်ဆုံးသွား ရောက်ပြသရန်ပြောကြားခဲ့ကြောင်းသိရသည်။

Read More