နတ်မောက်မြို့၌လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နတ်မောက်မြို့၌လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
နတ်မောက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကိုယ မန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community
Centre)ဘက်စုံသုံးခန်းမတွင်ကျင်း ပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအာကာမျိုးထက်ကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်မြင့်သူကလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊လူကုန်ကူးသူအများဆုံးအသုံးပြုလုပ်ဆောင်နေသည့်နည်းလမ်းများကိုရှင်းလင်းပြောကြားခြင်းနှင့်မြို့နယ်ဥပဒေအရာရှိဦးသက်တိုးအောင်ကလူကုန်ကူးမှုကျူးလွန်ပါကချမှတ်နိုင်သည့်ပြ
စ်မှု၊ပြစ်ဒဏ်များ၊လူကုန်ကူးခံရခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ကာကွယ်ရမည့်နည်းလမ်း
များနှင့်လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဥ်များတွင်ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်မှသာပိုမိုထိရောက်မှုရှိကြောင်းဟောပြောခဲ့သည်။ထို့နောက်လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအ မှတ်စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတို့တွင်ဆုရရှိသည့်ကျောင်းသား/သူများအားသက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများကဆုများချီးမြှင့်ခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့ကမူခင်းကျဆင်းရေးအသိပညာ
ပေးလက် ကမ်းစာစောင်များကိုတက်ရောက်လာကြသည့်ကျောင်းသား/သူ
များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ဌာနဆိုင်ရာများအားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026