နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလူကုန်ကူးမှုတားဆီးကာကွယ် ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ
နတ်မောက် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလူကုန်ကူးမှု တားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗ ဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် “လူကုန်ကူးမှုတိုက်ဖျက်ရေးဝိုင်းဝန်းကူညီဆောင်ရွက်”ခေါင်းစဥ်ဖြင့်မြို့ပေါ်ရှိထက်၊ လယ်အဆင့်ရှိကျောင်းသား/သူ များဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ပြိုင်ပွဲဝင်ကျောင်းသား/သူ များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများကကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။


