လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ်နတ်မောက်မြို့တွင်ပန်းချီပြိုင်ပွဲကျင်းပ

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ်နတ်မောက်မြို့တွင်ပန်းချီပြိုင်ပွဲကျင်းပ
နတ်မောက် စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာ
ရေးဌာနတို့ပူးပေါင်း၍လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်အထိမ်းအမှတ်ပန်းချီပြိုင်ပွဲကျင်းပခြင်းကိုယနေ့နံနက်  ၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကြုလုပ်ခဲ့ သည်။
အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား/သူလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စိတ်ကူးစိတ်သန်းထက်မြက်စေရန်၊ပန်းဆယ်မျိုးတွင်တစ်ခုအပါအဝင်ဖြစ်သည့်ပန်းချီပညာကိုပိုမိုလေ့လာနိုင်ရန်နှင့်ဗလငါးတန်နှင့်ပြည့်စုံသည့်လူတော်လူကောင်းများဖြစ်စေရန်ရည်ရွယ်၍
ကျင်းပရခြင်းဖြစ်ကြောင်းနှင့်ပြိုင်ပွဲဝင်စည်းကမ်းချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ပန်းချီပြိုင်ပွဲကိကျင်းပခဲ့ရာမူလတန်းအဆင့်ကျောင်းသား/သူ များက“လူကုန်ကူးမှုတိုက်ဖျက်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး”ခေါင်းစဥ်ဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

oplus_1026