Community Centre

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် မတ် ၁၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အတွင်းရှိအနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များအသိ ပညာဗဟုသုတတိုးပွားစေရန်၊ကာယ၊ဗလ၊ဥာဏ၊စာရိတ္တနှင့်မိတ္တဟူသောဗလငါးတန်နှင့်ပြည့်စုံစေရန် နှင့်စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်၁၀ နာရီ အချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်နှင့် စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူး၊ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေားနှင့်လူမှုကွန်ရက်ကိုအကျိုးရှိစွာအသုံးပြုနည်းစသည့်အကြောင်းအရာများကိုရှင်းလင်း ပြောကြားခဲ့သည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာကြသည့်ကျောင်းသား/သူ များကခင်း ကျင်းပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်များနှင့်သုတ၊ရသစာအုပ်စာစောင်များကိုစိတ် ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။ထို့အပြင်မြို့နယ်စာကြည့်တိုက်ရှိရုံးဝန်ထမ်းများကစာအုပ်စာ စောင်များကိုအခမဲ့ငှားရမ်းပေးခြင်းနှင့်စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းဖြင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကိုကျောင်းသား/သူ များနှင့်အတူတက်ကြွစွာဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် မတ်၁၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်း သား/သူများစာဖတ်ရှိန်မြင့်မားလာစေရန်နှင့်နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်ရည်ရွယ်၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကကျောင်းသားလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်၊ဥာဏ်ရည် ဥာဏ်သွေးထက်မြက်စေရန်နှင့်အများပြည်သူရှေ့တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်း ပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်ရာကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ကျောင်းသား/သူလူငယ်များအားကာယ၊ဗလ၊ဥာဏ၊စာရိတ္တနှင့်မိတ္တဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့်နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ နတ်မောက် မတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များကိုအချိန်ရှိစွာအသုံးချနိုင်စေရန်နှင့်ကွန်ပျူတာနည်းပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍အခြေခံကွန်ပျူတာ သင်တန်းကို နံနက်(၉)ခွဲ(၁)ကြိမ်၊ နီနက်(၁၀)ခွဲ(၁)ကြိမ် ဖွင့်လှစ်သင်ကြားပရှေးလျက်ရိှသည်။အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးခန့်စည်သူထွန်းကကွန်ပျူတာအခြေခံစနစ်များ၊စာစီစာရိုက်နည်းပညာများ၊Internetနှင့်Emailအသုံးပြုနည်းများစသည့်ဘာသာရပ်များကိုစာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ကျောင်းသား/သူ(၃၆)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာရက်သတ္တပတ် (၄)ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။    

Read More

နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဆက်လက်သင်ကြားပေးလျက်ရှိ

နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဆက်လက်သင်ကြားပေးလျက်ရှိ နတ်မောက် မတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ကျောင်းသား/သူများနွေရာသီအားလပ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်အနုပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (CommunityCentre) တွင်အေခြခံပန်းချီ‌ေရးဆွဲနည်ယင်တန်းကို ဆက်လက်သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်မှုဖြင့်ကျောင်း သား/သူများ၏ဖန်တီးနိုင်စွမ်းနှင့်စိတ်ကူးစိတ်သန်းများကိုမြှင့်တင်ပေးရန် ၊နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်နှင့်ပန်းချီပညာကိုဝါသနာပါသော်လည်းသင်ယူရန်အခွင့်အလမ်းနည်းပါးသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ပေးခဲ့ပြီးပန်းချီသင်တန်းနည်းပြဆရာဦးသိန်းနိုင်စိုးက သင်တန်းသား/သူ(၂၅)ဦးအား မတ်လ(၇)ရက်နေ့မှစတင်၍သင်ကြားပေးလျက်ရှိသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးငယ်များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း သား/သူများအနေဖြင့်အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်းကိုဝါသနာပါလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိ မိတို့နှစ်သက်သည့်ပုံပြင်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်အမူအရာနှုတ်မှုစွမ်းရည်ထက်မြက်စွာ ယှဥ်ပြိုင်နိုင်သူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီးပြသထားသည့်နံရံကပ်စာစောင်များကိုလည်းကျောင်းသား/ သူ များကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ နတ်မောက် မတ် ၁၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များကိုအချိန်ရှိစွာအသုံးချနိုင်စေရန်နှင့်ကွန်ပျူတာနည်းပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍အခြေခံကွန်ပျူတာ သင်တန်းကို နံနက်(၉)ခွဲ(၁)ကြိမ်၊ နီနက်(၁၀)ခွဲ(၁)ကြိမ် ဖွင့်လှစ်သင်ကြားပရှေးလျက်ရိှသည်။အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးခန့်စည်သူထွန်းကကွန်ပျူတာအခြေခံစနစ်များ၊စာစီစာရိုက်နည်းပညာများ၊Internetနှင့်Emailအသုံးပြုနည်းများစသည့်ဘာသာရပ်များကိုစာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ကျောင်းသား/သူ(၃၆)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာရက်သတ္တပတ် (၄)ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။      

Read More

နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ

နတ်မောက်မြို့၌ကျောင်းသား/သူများအားနွေရာသီကျောင်းပိတ်ရက်တွင်အခြေခံပန်းချီသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ နတ်မောက် မတ် ၁၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌ကျောင်းသား/သူများနွေရာသီအားလပ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့်အနုပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (CommunityCentre) တွင်အေခြခံပန်းချီ‌ေရးဆွဲနည်ယင်တန်းကို ဆက်လက်သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်မှုဖြင့်ကျောင်း သား/သူများ၏ဖန်တီးနိုင်စွမ်းနှင့်စိတ်ကူးစိတ်သန်းများကိုမြှင့်တင်ပေးရန် ၊နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန်နှင့်ပန်းချီပညာကိုဝါသနာပါသော်လည်းသင်ယူရန်အခွင့်အလမ်းနည်းပါးသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ပေးခဲ့ပြီးပန်းချီသင်တန်းနည်းပြဆရာဦးသိန်းနိုင်စိုးက သင်တန်းသား/သူ(၂၅)ဦးအား မတ်လ(၇)ရက်နေ့မှစတင်၍သင်ကြားပေးလျက်ရှိသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းဆက်လက်သင်ကြား‌ပေးလျက်ရှိ နတ်မောက် မတ် ၁၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များကိုအချိန်ရှိစွာအသုံးချနိုင်စေရန်နှင့်ကွန်ပျူတာနည်းပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍အခြေခံကွန်ပျူတာ သင်တန်းကို နံနက်(၉)ခွဲ(၁)ကြိမ်၊ နီနက်(၁၀)ခွဲ(၁)ကြိမ် ဖွင့်လှစ်သင်ကြားပရှေးလျက်ရိှသည်။အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးခန့်စည်သူထွန်းကကွန်ပျူတာအခြေခံစနစ်များ၊စာစီစာရိုက်နည်းပညာများ၊Internetနှင့်Emailအသုံးပြုနည်းများစသည့်ဘာသာရပ်များကိုစာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ကျောင်းသား/သူ(၂၀)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာရက်သတ္တပတ် (၄)ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျောင်းသား/သူ များအတွက် အထွေထွေဗဟုသုတဥာဏ်စမ်းပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျောင်းသား/သူ များအတွက် အထွေထွေဗဟုသုတဥာဏ်စမ်းပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၁၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်းသား/သူလူငယ်လူရွယ်များအားလပ်ရက်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်ဗဟုသုတအပေါင်း နှင့်ပြည့်စုံစေရန်ရည်ရွယ်၍ယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်း မတွင်အထွေထွေဗဟုသုတဥာဏ်စမ်းပြိုင်ပွဲကိုစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြေားကြားခဲ့ပြီးကျောင်းသားလူငယ်များအနေ ဖြင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်စာဖတ်သည့်အလေ့အထကောင်းများမွေး မြူကြရန်ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ဥာဏ်စမ်းပြိုင်ပွဲကိုကျင်းပခဲ့ရာသမိုင်းနှင့် ပထဝီဝင်ဆိုင်ရာအချက်အလက်များ၊နေ့ထူးနေ့မြတ်များနှင့်မြန်မာ့ယဥ်ကျေးမှုဆိုင်ရာမေးခွန်း များနှင့်ကျန်းမာရေးဆိုင်ရာအခြေခံဗဟုသုတများကိုမေးခွန်းများအဖြစ်ထည့်သွင်းမေးမြန်းခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသား/သူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကအမှတ်တရဆုပစ္စည်းလေးများအဖြစ်ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်လူငယ်စာဖတ်ဝိုင်းဆွေးနွေး ပွဲပြုလုပ်

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်လူငယ်စာဖတ်ဝိုင်းဆွေးနွေး ပွဲပြုလုပ် နတ်မောက် မတ် ၁၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်လူငယ်များစာဖတ်ရှုသည့်အလေ့အထပိုမိုထွန်းကားလာစေ ရန်နှင့်အသိပညာဗဟုသုတများအပြန်အလှန်ဖလှယ်နိုင်စေရန်ရည်ရွယ်၍စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ် များအားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊စာဖတ်ရှုခြင်းဖြင့်ဆင်ခြင်တုံတရားနှင့်ဗဟု သုတများကြွယ်ဝလာစေရန်၊တစ်ဦးနှင့်တစ်ဦးအမြင်ချင်းဖလှယ်ပြီးစကားပြောဆိုဆက်ဆံမှုစွမ်း ရည်များတိုးတက်လာစေရန်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်အိပြည့်ပြည့်ခိုင်(လုပ်သားရုပ်သံ)ကစာရေးဆရာမင်းဗထူးရေးသားသည့် ဆက်စပ်မှုရှိခြင်း၏အင်္ဂါရပ်များစာအုပ်ပါ အကြောင်းအားဖတ်ကြားဆွေးနွေးခဲ့ရာတတ်ရောက် လာကြသည့် လူငယ်များကလည်းမိမိတို့၏ အမြင်များ၊သင်ခန်းစာများနှင့်ဗဟုသုတဖြစ်ဖွယ်ရာများကို တစ်ဦးချင်းအလိုက်အလှည့်ကျဆွေးနွေးခဲ့ကြသည်။အဆိုပါစာဖတ်ဝိုင်းသို့နတ်မောက်မြို့ပေါ်ရှိ ကျောင်းသား/သူ များစာပေဝါသနာရှင်လူငယ်များတတ်ရောက်ခဲ့ကြပြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကအသိပညာပေးလုပ်ငန်းများကို လစဥ်စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။    

Read More