နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကတိုင်းရင်းဆေးပင်များ၏ဆေးဖတ်ဝင်အသုံးဝင်ပုံများ အကြောင်းအသိပညာပေးဟောပြော
နတ်မောက် ဩဂုတ်
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း ၍တိုင်းရင်းဆေးပင်များ၏ဆေးဖတ်ဝင်အသုံးဝင်ပုံများအကြောင်းအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်တိုင်းရင်းဆေးကုဌာနလက်ထောက်တိုင်းရင်းဆေးမှူးဒေါ်ညိုယဥ်နွဲ့က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ကျောင်းသား/သူ များကိုဂျင်း၊ရှောက်သီး၊သက်ရင်းကြီးရွက်၊ဇီယာရွက်၊ သင်္ဘောရွက်နှင့်တမာရွက်တို့၏ဆေးဖတ်ဝင်အသုံးပြုနိုင်သည့်အသိပညာပေးဟောပြောခဲ့ပြီးကျောင် သား/သူ များ၏တစ်ကိုယ်ရည်သန့်ရှင်းရေး၊မိုရာသီအဓိကဖြစ်ပွားတတ်သောသွေးလွန်တုပ်ကွေးရော ဂါ၊နှာစေးချောင်းဆိုးခြင်း၊အစာမကြေခြင်းတို့ကိုတိုင်းရင်းဆေးဖြင့်သောက်ဆေးပေးခြင်း၊လိမ်းဆေး ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့လျက်ရှိကြောင်းသိရသည်။နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသခြင်းများကိုမြို့ပေါ်ရှိစာသင်ကျောင်းများကိုလစဥ်နယ်လှည့်ကွင်းဆင်းကုသပေး လျက်ရှိကြောင်းသိရသည်။



