နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်     သြဂုတ် ၁၁

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာဖတ်ရှိန် မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယမန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန​ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)ကကျောင်းသား/သူများအားအင်္ဂလိပ်စာအခြေခံအားနည်းသူများပြားသည့်အတွက်အခြေခံ အဆင့်မှစ၍အင်္ဂလိပ်စာအရေးအဖတ်အားကောင်းစေရန်၊လူငယ်၊လူရွယ်များအာရုံစူးစမ်းလေ့လာမှု နှင့်ဥာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်၊စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊အစုအဖွဲ့အတွင်းပူးပေါင်းပါဝင် တတ် စေရန်၊အလေ့အကျင့်ကောင်းမှအလေ့အထကောင်းများရရှိစေရန်ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲ များကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ဆက်လက်၍ပြိုင်ပွဲကိုကျင်းပရာတွင်မူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက် သည့်ခေါင်းစဥ်များဖြင့်အင်္ဂလိပ်စာဖတ်စွမ်းရည် ပြိုင်ပွဲယှဥ်ပြိုင်ကြပြီးဆုရရှိသည့်ကျောင်းသား/သူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေး ခဲ့သည်။

oplus_1026
oplus_1026
oplus_1026