Community Centre

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး နတ်မောက် ဇွန် ၉ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက် တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ရွေ့လျားစာကြညိ့တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက. ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့်…

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် နတ်မောက် ဇွန် ၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာ နတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကိုယမန်နေ့နံနက်၁၀ နာရီအချိန် ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကမိမိတို့ဌာနအ နေဖြင့်ပြည်သူများနှင့်ကျောင်းသားလူငယ်များစာပေနှင့်အလှမ်းမဝေးစေရန်စာကြည့်တိုက်ဝန်ဆောင် မှုလုပ်ငန်းများဆောင်ရွက်နေမှု၊နယ်လှည့်စာကြည့်တိုက်မော်တော်ယာဥ်ဖြင့်ကျောင်းများသို့ကွင်းဆင်း စာအုပ်စာစောင်ငှားရမ်းပေးနေမှုအကြောင်းအရာများနှင့်ဇွန်လ၂၆ရက်နေ့အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက်ပန်းချီ၊စာစီစာကုံး၊ပုံပြင်ပြော၊ကျပန်းစသည့်ပြိုင်ပွဲများပြုလုပ်မည်ဖြစ်၍ကျောင်းများရှိကျောင်းသား/သူ များဝင်ရောက်ယှဥ်ပြိုင်ကြ ရန်ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်ဆရာ/မ များကမိမိတို့ကျောင်းများ ရှိကျောင်းသား/သူ များဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးဆွေးနွေးပြောကြားခဲ့ပြီးပြိုင်ပွဲများအားဇွန်လ၁၅၊ ၁၆၊၁၇ရက်နှင့်၂၃ရက်၂၄ရက်များတွင်ပြိုင်ပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။    

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်စာပေဝါသနာရှင်Book Clubအဖွဲ့ဝင် များဖြင့်ပူးပေါင်း၍စာဖတ်ဝိုင်းပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်စာပေဝါသနာရှင်Book Clubအဖွဲ့ဝင် များဖြင့်ပူးပေါင်း၍စာဖတ်ဝိုင်းပြုလုပ် နတ်မောက် ဇွန် ၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်၌စာအုပ်စာစောင်ချစ်မြတ်နိုးသူ၊စာပေဝါသနာရှင် Book Clubအဖွဲ့ဝင်များနှင့်ပူးပေါင်း၍စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အ ကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခြင်းကိုယနေ့နံနက်၉နာရီ ခွဲအချိန်ကနတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါစာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်ဥမ္မာခင်ကစာအုပ်တစ် အုပ်ရဲ့အပေါ်မှာတစ်ဦးနှင့်တစ်ဦးမတူညီတဲ့အတွေးအမြင်သစ်တွေ၊စာအုပ်မှရရှိသောအသိပညာဗဟု သုတတွေကိုတစ်ဦးနှင့်တစ်ဦးမျှဝေနိုင်ရန်နှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိစာကြည့် တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာစာအုပ်စာပေကောင်းများလေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍စာ ပေဝါသနာရှင်Book Clubအဖွဲ့ဝင်များဖြင့်ပူးပေါင်းကာစာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍စာပေဝါသနာရှင်Book Clubအဖွဲ့ဝင်တစ်ဦးကစာရေးဆရာဒေါက်တာခင်မောင်ညိုရေး သားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း”စာအုပ်ထဲမှပညာရေးအစ..စာ အုပ်များဖြင့်အစပြုပါခေါင်းစဥ်ဖြင့်ဖတ်ကြား၍ရှင်းလင်းဆွေးနွေးခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြန်လည်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့…

Read More

နတ်မောက်မြို့၌စာပေချစ်မြတ်နိုးသူ ၊ စာပေဝါသနာရှင်များ၊ Book Clubအဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

နတ်မောက်မြို့၌စာပေချစ်မြတ်နိုးသူ ၊ စာပေဝါသနာရှင်များ၊ Book Clubအဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ နတ်မောက် ဇွန် ၂ မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ ၊စာပေဝါသနာရှင်များ၊ Book Club အဖွဲ့ဝင်တို့ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် အမွေခံ တစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centreဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။…

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ နတ်မောက် မေ ၂၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကျောင်း သား/သူ များပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း သား/သူလူငယ်များအနေဖြင့်ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊သုခဆိုသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိစွာအသုံးချ တက်စေရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကမိမိတို့ဖတ်ရှုလေ့လာထားသည့်မိဘကျေးဇူး၊ကြာဆစ်ကြိုး၊ပိုးတုံးလုံးနှင့်ပန်းသည်စသည့်ကဗျာများဖြင့်ကိုယ်ဟန်အမှုအရာနှုတ်မှုစွမ်းရည်များ ဖြင့်စိတ်ဝင်စားဖွယ်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့်ကလေးငယ်များအားမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိရုံးဝန်ထမ်းများအားသတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိရုံးဝန်ထမ်းများအားသတင်းရေးသားနည်းသင်တန်းဖွင့်လှစ် နတ်မောက် မေ ၂၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိရုံးဝန်ထမ်း များအားလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့်သတင်းများကိုအချိန်နှင့်တစ်ပြေးညီမှန်ကန်စွာ ရေးသားထုတ်လွှင့်နိုင်ရန်ရည်ရွယ်၍သတင်းရေးသားနည်းသင်တန်းကိုယမန်နေ့နေ့လယ်ပိုင်းအချိန် ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ဖွင့်လှစ်ခဲ့သည်။ အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( တွဲဘက်-ဦးစီးအရာရှိ)ကသတင်းဖွဲ့စည်းတည်ဆောက်ပုံ၊သတင်းတန်ဖိုးနှင့်အင်္ဂါရပ်များ၊သတင်းဓာတ်ပုံစသည့် အကြောင်းအရာများကိုစနစ်တကျရေးသားသင်ကြားခဲ့သည်။အဆိုပါသင်တန်းသို့နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိရုံးဝန်ထမ်းများတက်ရောက်ကြပြီးသင်တန်းတွင်စာ တွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ် နတ်မောက် မေ ၂၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန် မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကစျေးရပ်ကွက် ရှိပညာနန်တော်ဘော်ဒါကျောင်းဆောင်တွင်ပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်ဒေါ်သိမ့်သိမ့်မိုး( တွဲဘက်ဦးစီးအရာရှိ)ကလူငယ်များအနေဖြင့်ကျောင်းသင် ခန်းစာအပြင်ပြင်ပဗဟုသုတစာပေများကိုပါအစဥ်တစိုက်ဖတ်ရှုလေ့လာကြရန်နှင့်အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်စေရန်စာအုပ်စာစောင်များဖတ်ရှုခြင်းဖြင့်ဆင်ခြင်တုံတရားနှင့်အတွေးအခေါ်မှန်ကန် စေရေး၊လူငယ်များခေတ်မီနည်းပညာများကိုအကောင်းမြင်စိတ်ဖြင့်စနစ်တကျအသုံးပြုတတ်စေရေး နှင့်မူးယစ်ဆေးဝါးအန္တရာယ်သတိပြုရှောင်ရှားကြရန်စသည့်အကြောင်းအရာများကိုအသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကပြသထားသည့်လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကိုကျောင်းသား/သူ များက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် မေ ၂၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကျောင်း သား/သူ များဖြင့်ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်၁၀ နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်များအနေဖြင့်ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊သုခဆိုသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိစွာအသုံးချ တတ်စေရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကမိမိတို့ဖတ်ရှုလေ့လာထားသည် “သူငယ်ချင်းကောင်း၊ညီညွတ်ကြပါစို့”ခေါင်းစဥ်ပါပုံပြင်များကိုကိုယ်ဟန်အမူအရာနှုတ်မှုစွမ်းရည်များ ဖြင့်စိတ်ဝင်စားဖွယ်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့်ကလေးငယ်များအားမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးဌာနမှဆီထွက်သီးနှံ( မြေပဲ၊နှမ်း၊နေကြာ)အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးနည်းပညာနှင့်သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်သုံးစွဲရေးနည်းပညာပေးသင်တန်းဖွင့်လှစ်

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးဌာနမှဆီထွက်သီးနှံ( မြေပဲ၊နှမ်း၊နေကြာ)အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးနည်းပညာနှင့်သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်သုံးစွဲရေးနည်းပညာပေးသင်တန်းဖွင့်လှစ် နတ်မောက် မေ ၁၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးဌာနမှကြီးမှူး၍ဆီထွက်သီးနှံ( မြေပဲ၊နှမ်း၊ နေကြာ) အထွက်နှုန်းတိုးတက်ရေးစိုက်ပျိုးနည်းပညာနှင့်သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်သုံးစွဲရေး နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းကိုယမန်နေ့နံနက်ပိုင်းကနတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာ န(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ချိုကဒေသအတွင်းဆီဖူလုံမှုရှိစေရန် အတွက်ဆီထွက်သီးနှံဖြစ်သောမြေပဲ၊နှမ်း၊နေကြာသီးနှံများကိုပန်းတိုင်အထွက်နှုန်းရရှိအောင်စနစ်တ ကျစိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ဓာတုမြေသြဇာသုံးစွဲမှုကိုလျှော့ချပြီးသဘာဝမြေသြဇာများကိုကိုယ် တိုင်ပြုလုပ်သုံးစွဲခြင်းဖြင့်ကုန်ကျစရိတ်သက်သာစေမည့်အပြင်ရေရှည်တွင်မြေဆီလွှာအာဟာရကိုဖွံ့ဖြိုး တိုးတက်စေကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်သင်တန်းတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရှိသီးနှံအလိုက်ကျွမ်းကျင်ဝန်ထမ်းများကမြေပဲ၊နှမ်း၊နေကြာသီးနှံများအလိုက်မျိုးကောင်း၊မျိုးသန့်ရွေး ချယ်နည်း၊စိုက်စနစ်မှန်ကန်စေရေး၊ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနှင့်ရိတ်သိမ်းချိန်လွန်လေလွင့် ဆုံးရှုံးမှုလျှော့ချရေးနည်းလမ်းများ၊ဒေသအတွင်းအလွယ်တကူရရှိနိုင်သောကုန်ကြမ်းများဖြင့်EMဘို ကာရှီသဘာဝမြေသြဇာပြုလုပ်နည်းစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။အဆို ပါသင်တန်းသို့မြို့နယ်အတွင်းရှိကျေးရွာအုပ်စုအသီးသီးမှဆီထွက်သီးနှံစိုက်ပျိုးကြသည့်ဒေသခံတောင် သူများကစိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိဝန်ထမ်းများကစိုက်ပျိုး ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကိုတောင်သူများအားဖြန့်ဝေပေးခဲ့ကြကြောင်းသိ ရသည်။ o  

Read More

နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်

နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ် နတ်မောက် မေ ၁၈   မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့ နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။   အဆိုပါ သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာခင်ခင်ပြည့်နှင့် ဝန်ထမ်းများက သင်တန်းဖွင့်လှစ်ရခြင့်ရည်ရွယ်ချက် မွေးမြူရေးလုပ်ငန်းများပိုပိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း…

Read More