Community Centre

နတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲကျင်းပ

နတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၁၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာ ပေးဟောပြောပွဲကိုယနေ့နံနက်၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်ဦးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးဆိုင်ရာအကြောင်းအရာ များကိုရှင်းလင်းခြင်း၊မြို့နယ်ဥပဒေ ရေးရာဦးစီးအရာရှိ ဦးငြိမ်းချမ်းထွန်းကမူးယစ်ဆေးဝါး များအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့မရဲစခန်းမှူး ဒု-ရဲမှူး သန်းထွန်းကမူးယစ်ဆေးစွဲသူများ၏လက္ခဏာများ၊မူးယစ်ဆေးသုံးစွဲရောင်းဝယ်ပါကကျခံရမည့်ပြစ်မှု ပြစ်ဒဏ်များ၊မူးယစ်ဆေးဝါးအမျိုးအစားများ၊မူးယစ်ဆေးဝါးများသည်လက်လှမ်းမီသောနေရာတွင်ရောက် ရှိနေသဖြင့်မိမိတို့အပါအဝင်ပြည်သူ များမူးယစ်သံသရာထဲမကျရောက်ရန်အရေးကြီးကြောင်း၊အနာဂတ် မျိုးဆက်သစ်များကိုကောင်းမွန် သည့်လက်ဆင့်ကမ်းအမွေပေးနိုင်…

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၁၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်ကျောင်းသား/သူလေးများ စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင်အသိပညာဗဟုသုတကြွယ်ဝသည့် လူငယ်လူရွယ်များဖြစ်လာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာပြိုင်ပွဲတွင်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက်သည့်ခေါင်းစဥ်များဖြင့်ယှဥ်ပြိုင်ခဲ့ကြရာ ဝင်ရောက်ယှဥ်ပြိုင်သည့်ကျောင်းသား/သူလေးများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်ကဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား/ သူလေးများကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကပြသထားသည့် နံရံကပ်စာစောင်များကိုကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၁၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လည်၂နာရီအချိန်ကအခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင်ကျင်းပပြု လုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုးဦးစီးအရာရှိ(တွဲဖက်) က လူငယ်ရေးရာနှင့်ပတ်သက်၍စာဖတ်ရှိန်မြှင့်တင်ရေး၊စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့်လူငယ်တွေအားလပ်ချိန်မှာ အချိန်ကိုအကျိုးရှိရှိအသုံးချစေလိုကြောင်း၊အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့်ပတ် သက်၍လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram၊Viber၊YouTube၊Messenger၊TikTokတို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍စာဖြင့်ဆက်သွယ်ကာငွေကြေးလိမ် လည်ခြင်း၊သွေးဆောင်ကာလူကုန်ကူးခြင်းတို့ကိုအွန်လိုင်းမှတစ်ဆင့်ကျူးလွန်ကြခြင်းကိုအသိ သတိဖြင့်ဆင်ခြင်ကြရန်ကျောင်းသား/သူများအားအသိပညာပေးဟော​ပြောခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ      

နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ                                                       နတ်မောက် ဇန်နဝါရီ ၁၅ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကို  ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။                               …

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၁၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၉နာရီခွဲ အချိန်က                       လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်လူရွယ်များ                         စာပေဗဟုသုတများသိရှိနားလည်ပြီးဥာဏ်ရည်ထက်မြတ်သည့်ဘက်စုံထူးချွန်သောလူရည်မွန်၊…

Read More

နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ  

နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ                         နတ်မောက်  ဇန်နဝါရီ ၁၄ မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြသည်။       ရှေးဦးစွာအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီးကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က အားလပ်ချိန်များတွင် ကျောင်းစာကြည့်တိုက် သို့သွား၍ ဖတ်ရှုခြင်း၊ စာအုပ်စာပေများ မိမိ ဘာသာ ဝယ်ယူဖတ်ရှုခြင်း၊…

Read More

နတ်မောက်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

နတ်မောက်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ နတ်မောက်            ဇန်နဝါရီ ၁၃ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်း စာစောင်များကိုယမန်နေ့ နေ့လည်(၁၂)နာရီအချိန်ကအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ သူများအားဖြန့်ဝေပေးခဲ့သည်။                        အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ ကလေး၊လူရွယ်၊လူငယ်၏အဓိပ္ပာယ်ဖော်ပြချက်၊ကလေးအလုပ်သမားများ၏…

Read More

နတ်မောက်မြို့နယ်တွင်ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက် ငှားရမ်းပေး   

နတ်မောက်မြို့နယ်တွင်ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက် ငှားရမ်းပေး              နတ်မောက်        ဇန်နဝါရီ ၁၂                                                 …

Read More

နတ်မောက်မြို့နယ်နယ်လှည့်၊နံရံကပ်၊ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲများဆောင်ရွက်

နတ်မောက်မြို့နယ်နယ်လှည့်၊နံရံကပ်၊ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲများဆောင်ရွက် နတ်မောက်  ဇန်နဝါရီ ၁၂ မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် နယ်လှည့်၊ နံရံကပ်၊ ဓာတ်ပုံ ဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြသည်။                   ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ…

Read More

နတ်မောက်မြို့နယ်တွင် “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နတ်မောက်မြို့နယ်တွင် “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ နတ်မောက်   ဇန်နဝါရီ ၉ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမတွင် စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေ စဉ်းစားဖို့” စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပခဲ့သည်။      ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များစာပေ ဖတ်ရှု့ရာမှ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မားလားစေရန်…

Read More