နတ်မောက်မြို့၌တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ဆေးကုသခြင်း ဆောင်ရွက်
နတ်မောက် ဇွန် ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေးဗဟုသုတ ရရှိစေရန်ဟောပြောခြင်းနှင့် ဆေးကုသခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟို ဌာန (Community Centre)ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူးက ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးအတွက် အသက်အရွယ် အလိုက် ပြုလုပ်သင့်သည့် လေ့ကျင့်ခန်းများရှောင်ရန်၊ ဆောင်ရန်များကို ဆွေးနွေးဟောပြောခဲ့ သည်။ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများအား သွေးပေါင်ချိန်တိုင်း ပေး ခြင်း၊ ဒူးနာခါးနာများစမ်းသပ်ပေးခြင်း၊ သွေးတိုးဆီးချိုရောဂါများ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကုသပေးခြင်းနှင့် ကျန်းမာရေးဗဟုသုတများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

သည်။