နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက်  အခြေခံပညာအထက် တန်းကျောင်း(အောင်ဆန်း)ရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ရွေ့လျားစာကြညိ့တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခဲ့သည်။

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက. ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျငိ့ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိရှိ အသုံးချတတ်စေ ရန်နှင့် စာပေ ဖတ်ရှုခြင်းဖြင့် လေ့လာသိရှိရသည့် ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ သုတစာအုပ်များ၊ ဝတ္ထုစာအုပ်၊ မဂ္ဂဇင်းစာအုပ် နှင့် ကလေးများကြိုက်နှစ်သက်မည့် ရုပ်ပြ ၊ ပုံပြင်စာအုပ်များစုံလင်စွာ သယ်ဆောင်၍ Mobileစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခဲ့ရာ ရက်သတ္တပတ်နှစ်ပတ်ကြာအတွင် စာအုပ် စာစောင်အသစ် များလဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်သည်။