နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် ဇွန် ၁၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာခင် (ဦးစီးအရာရှိ)က ကျောင်းသား၊ကျောင်းသူများအား(၃၉)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံး မှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ဖြစ်ကြောင်းသိရှိစေရန်၊ကျောင်းစာအပြင်ပြင်ပ ဗဟုသုတပါရရှိ၍ဥာဏ်ရည်ဥာဏ်သွေးမြင့်မားလာစေရန်စာပေကိုချစ်မြတ်နိုးစေရန်၊လူအများ နှင့်ပြောဆိုရာတွင်ပြောရဲသည့်အလေ့အကျင့်များရှိစေရန်ရည်ရွယ်၍ပြိုင်ပွဲကိုကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြီးဒိုင်အဖွဲ့ဝင်တစ်ဦးကပြိုင်ပွဲ၏စည်းကမ်းချက်များကိုရှင်းလင်းပြောကြား ခဲသည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမြို့ပေါ် ရှိအခြေခံပညာအထက်တန်းကျောင်းများရှိမူလတန်း အဆင့်ကျောင်းသား/သူလေးများက“အရက်သမားနှင့်လိုတိုင်းရအိုး၊နှုတ်မစောင့်ကပျက်စီးရ၊အ လည်းအနလည်းန၊မမေ့နိုင်သောစာအုပ်တစ်အုပ်”စသည့်ပုံပြင်များဖြင့်အသီးသီးဝင်ရောက်ယှဥ် ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသူများအားဇွန်၁၉ရက်နေ့၌မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ဆုများချီးမြှင့်ပေးသွ





ားမည်ဖြစ်သည်။