နတ်မောက်မြို့၌မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုစာစီစာကုံးပြိုင်ပွဲကျင်းပ
နတ်မောက် ဇွန် ၂၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုစာစီစာကုံး ပြိုင်ပွဲကိုယနေ့နံနက်၉ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရခြင်း ၏ရည်ရွယ်ချက်၊မြန်မာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံ၊မြန်မာအမျိုးသမီးများနှင့်ယဥ်ကျေးမှုဓလေ့ ထုံးတမ်းစဥ်လာများအကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်း ပခဲ့ရာနတ်မောက်မြို့ပေါ်ရှိအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်( ၂)အခြေခံပညာအ ထက်တန်းကျောင်း၊အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)၊အခြေခံပညာအလယ်တန်း ကျောင်း( တမာပင်)ကျောင်းများမှကျောင်းသား/သူ( ၃၂)ဦးတို့က “မြန်မာအမျိုးသမီးများ၏စွမ်းရည်” ခေါင်းစဥ်ဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။



