နတ်မောက်မြို့၌အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက် ဇွန်  ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာ (Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် ဦးအရာရှိက ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊  လစဉ်ဆောင်ရွက်ရသည့် အထိမ်း အမှတ်ပွဲများအား  မမေ့လျော့စေရန်နှင့်  စာပေဖတ်ရှုလေ့လာမှု ပိုမိုအားကောင်းစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအား အမှတ်ပေး စည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍  ​“မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပအနာဂတ်ဘဝ”ခေါင်းစဉ်ဖြင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း) နှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(တမာပင်)ကျောင်းတို့မှ ကျောင်းသားကျောင်းသူများ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင်ဆုရရှိသူများအား ဇွန်လ(၂၆)ရက်နေ့ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အ ထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်

oplus_1026
oplus_1026
oplus_1026
oplus_1026