နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကျင်းပ
နတ်မောက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင်ဇူလိုင်( ၁၉)ရက်နေ့၌ကျရောက်မည့်(၇၉)နှစ်မြောက်အာဇာနည်နေ့ကိုကြိုဆိုသောအားဖြင့်လည်းကောင်း၊မျိုးဆက်သစ်ကျောင်းသား/သူများအာဇာနည်ခေါင်းဆောင်ကြီးများ၏ကျေးဇူးတရားနှင့်သမိုင်းကြောင်းတို့ကိုမမေ့လျော့စေရန်အတွက်ရည်ရွယ်၍
အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကအဆိုပါရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကအာဇာနည် နေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့်အာဇာနည်ခေါင်းဆောင်(၉)ဦး၏အတ္ထုပ္ပတ္တိအကြောင်းအရာများကိုပြောကြားခဲ့ပြီးပန်းချီပြိုင်ပွဲတွင်သဘာဝအရောင်နှင့်အနီးစပ်ဆုံးဆေးရောင်ခြယ်သနိုင်သူ၊အနီးအဝေး၊အလင်းအမှောင်၊သေသပ်မှုတို့ကိုအကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်း
ပြောကြားခဲ့သည်။ထို့နောက်ပန်းချီပြိုင်ပွဲကိုဆက်လက်ကျင်းပရာအခြေခံပညာအလယ်တန်းအဆင့်ကျောင်း များရှိကျောင်းသား/သူစုစုပေါင်း(၃၀ )ဦးတို့က “၁၉ဇူလိုင်မမေ့နိုင်”ခေါင်းစဥ်ဖြင့်စိတ်အားထက်သန် စွာဝင်ရောက်ယှဥ်ပြိုင်ခဲ့
ကြကြောင်းသိရသည်။


