နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက် ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ် ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကအမှတ် ( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကလူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီးအတွေးအခေါ်အယူအဆများမှန်ကန်စေရန်နှင့်နိုင်ငံ တော်မှအားထားရသည့်နိုင်ငံ့သားကောင်းရတနာများဖြစ်စေရန်အသိပညာဗဟုသုတနှင့်ပြည်စုံသည့် လူငယ်များဖြစ်ရန်စာကိုများများဖတ်ဖို့လိုကြောင်းကျောင်းသားလူငယ်များအနေဖြင့်ကျောင်းစာအ ပြင်စာပေကိုခင်တွယ်တန်ဖိုးထားလေ့လာဖတ်ရှုနေမှသာဘက်စုံဖွံ့ဖြိုးပြီးအရည်အချင်းရှိတဲ့လူငယ် မောင်မယ်များဖြစ်လာမှာဖြစ်ကြောင်း၊နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဆောင်ရာမှာလူစွမ်းအားအရင်းအ မြစ်များကအဓိကအရေးကြီးတာကြောင့်လူငယ်များကိုဘက်စုံဖွံ့ဖြိုးအောင်သက်ဆိုင်ရာဌာနများက ပြုစုပျိုးထောင်နေခြင်းဖြစ်ကြောင်း၊လူငယ်များဟာအနာဂတ်တိုင်းပြည်အတွက်အဓိကအရေးပါတာ ကြောင့်အဘက်ဘက်မှအသိပညာဗဟုသုတများပြည့်စုံအောင်အချိန်ရတိုင်းစာပေများကိုလေ့လာလိုက် စားဖတ်ရှုနေရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနကပြသထားသည့်နံရံကပ်စာစောင်များကိုကျောင်းသား/သူ များကစိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။