နတ်မောက်မြို့၌( ၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌( ၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက် ဇူလိုက် ၁၃

မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒေါ်ဥမ္မာခင် ၊ဦးစီးအရာရှိက ကျောင်းသား၊ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူတော်လူ ကောင်းများပေါ်ထွန်းလာစေရန်၊ နေ့ထူးနေ့မြတ်များအားအစဉ်သတိရနေစေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်၊ စာပေလေ့လာမှု ပိုမိုအားကောင်းစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်း ဖြစ်ပါကြောင်းပြောကြားပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍မြို့နယ်အဆင့် ပြိုင်ပွဲကိုကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၊အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)

နှင့်အခြေခံပညာ အလယ်တန်းကျောင်း(တမာပင်)တို့မှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “အာဇာနည်တို့၏ စိတ်ဓာတ်နှင့် မျိုးဆက်သစ်တို့၏ တာဝန်” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား၊ကျောင်းသူများ အား (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်သည်။

 

oplus_1026

oplus_1026