နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ

နတ်မောက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာရေး ဌာနတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နံနက်၁၀နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန့်မတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ များပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီးကျောင်းစာအပြင်ပြင်ပဗဟုသုတများကြွယ်ဝ စေရန်၊ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်၊နောင်တစ်ချိန်တွင်နိုင်ငံတော်မှအားကိုးအားထားပြုရမည့် လူတော်၊လူကောင်း၊လူရည်ချွန်၊လူရည်မွန်များဖြစ်လာစေရန်၊အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်ယှဥ်ပြိုင် နိုင်စွမ်းရှိလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲသည်။ ထို့နောက်ပုံပြင်ပြောပြိုင်ပွဲတွင်မူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက်ရာပုံပြင် များဖြင့်ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကကျောင်းသုံးဗလာစာအုပ်များပေးအပ်ချီးမြှင့်ခဲ့ပြီးကလေးငယ်များအားနံရံကပ်စာစောင်များကိုလည်းပြသခဲ့ကြကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026