နတ်မောက်မြို့တွင်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပန်းချီပြိုင်ပွဲကျင်းပ
နတ်မောက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပန်းချီပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့သည်။
ရေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စိတ်ကူးစိတ်သန်းထက်မြက်စေရန်၊ပန်းဆယ်မျိုးတွင်တစ်ခုအပါအဝင်ဖြစ်သည့်ပန်းချီပညာကိုပိုမိုလေ့လာနိုင်ရန်နှင့်ဗလငါးတန်နှင့်ပြည့်စုံသည့်လူတော်လူကောင်းများဖြစ်စေရန်ရည်ရွယ်၍ကျင်း ပရခြင်းဖြစ်ကြောင်းနှင့်ပြိုင်ပွဲဝင်စည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပန်းချီပြိုင်ပွဲကိုကျင်းပခဲ့ရာမြို့ပေါ်ရှိအခြေခံပညာကျောင်းများဖြစ်သည့်ထက်၊လယ်အဆင့်ကျောင်းသား/သူများက“စာဖတ်ခြင်းကပေးသောအနာဂတ်အလင်းအိမ်”ခေါင်းစဥ်ဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးဆုရရှိသူများကိုစက်တင်ဘာ၁၀ရက်နေ့တွင်ဆုများချီးမြှင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
