နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသောနတ်မောက်မြို့ကျောင်းစာကြည့်တိုက်များ ဖွံဖြိုး တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား၊ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေပြီး ကျောင်းစာအပြင်ပြင်ပဗဟုသုတများကြွယ်ဝစေရန်၊ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊နောင်တစ်ချိန်တွင်နိုင်ငံတော်မှအားကိုးအားထားပြုရမည့် လူတော်၊ လူကောင်း၊ လူရည်ချွန်၊လူရည်မွန်များဖြစ်လာစေရန် အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်ယှဉ်ပြိုင်နိုင်စွမ်းရှိလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲ၏
စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများက
မိမိတို့ကြိုက်နှစ်သက် သည့် ပုံပြင်များဖြစ်သည့် ပညာလိုအိုသည်မရှိ၊ သူ့အမြင် ကိုယ့်အမြင်၊စာတိုငညို၊ ဟယ်လင်ကဲလား ပုံပြင်၊ ပညာရွှေအိုးလူမခိုး၊ ဗဟုသုတဖွေရှာ စာကြည့်တိုက်မှာ၊ညီညွှတ်ကြပါစို့ စသည့်ခေါင်းစဉ်များ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး
ဆုရရှိသည့်ကျောင်းသား၊ကျောင်းသူများကို စက်တင်ဘာလ(၁၀) ရက် နေ့တွင် ကျင်းပမည့်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား မှုအခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်သည်။
