နတ်မောက်မြို့ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆုချီး မြှင့်ပေးပွဲကျင်းပ

နတ်မောက်မြို့ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆုချီး မြှင့်ပေးပွဲကျင်းပ
နတ်မောက် စက်တင်ဘာ၁၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကျောင်းသားလူငယ်များစာအုပ်စာပေ၌နှစ်သက်မွေ့လျှော်ကာရာသက်ပန်ပညာရှာမှီးသူများဖြစ်လာစေရန်ရည်ရွယ်ကျင်းပပြုလုပ်သည့်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆုချီးမြှင့်ပေးပွဲကိုယနေ့နံနက်၉နာရီ ခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက်အခြေခံပညာရေးကျောင်းများနှင့်ကျောင်းသား/သူအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊လူငယ်များအသိအလိမ္မာတိုးအောင်စာပေဖတ်ရှုကြရန်၊စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးရန်နှင့် စာဖတ်ရှိန် မြင့်မားအောင်ဝိုင်းဝန်းကြိုးစားပေးကြရန်တိုက်တွန်းပါကြောင်းအဖွင့်အမှာစကားပြောကြား ပြီးမြို့ပေါ်ရှိအ.ထ.က( ၁)ကျောင်းသား/သူလေးများက“စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်”နှင့် အ.ထ.က(အောင်ဆန်း)ကျောင်းသား/သူလေးများက “အနာဂတ်လူရည်ချွန်”စသည့်သီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့ကြသည်။ထို့နောက်၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွင်းမကွေးတိုင်းဒေသကြီးအစိုးရ
အဖွဲ့၏စီစဥ်ကြီးကြပ်မှုဖြင့်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများဖြစ်သည့်ပုံပြင်ပြောပြိုင်ပွဲ၊ပန်းချီပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲများတွင်ဆုရရှိ သည့်ကျောင်းသား/သူများကိုမြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊မြန်မာနိုင်ငံသဘင်အစည်းအရုံးမကွေးတိုင်းဒေသကြီးအတွင်းရေးမှူး၊မြို့နယ်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့်တာဝန်ရှိသူများဆရာ/မများကဆုများကိုချီးမြှင့်ပေးခဲ့သည်။အဆိုပါဆုပေးပွဲသို့သက်ဆိုင်ရာတာဝန်ရှိသူများ၊ဒေသခံပြည်သူများ၊ကျောင်းသား/သူများတက် ရောက်ခဲ့ကြကြောင်းသိရသည်။

oplus_1026
oplus_1026

Oplus_0