နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် အောက်တိုဘာ ၉
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ယနေ့နံနက်၉နာရီခွဲအချိန်ကပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီးအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိမူလတန်းအ ဆင့်ကျောင်းသား/သူ များကမိမိတို့ကြိုက်နှစ်သက်ရာပုံပြင်များဖြင့်ပုံပြင်ပြောပြိုင်ပွဲကိုပျော်ရွှင်စွာပါ ဝင်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပုံပြင်ပြောပြိုင်ပွဲသို့မူလ တန်းအဆင့်ကျောင်းသား/သူ ( ၈)ဦးဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီးကျောင်းသား/သူ များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ပြိုင်ပွဲများ ကျင်းပခဲ့ပြီးဆုရရှိသည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိကဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။




