နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေးကုသရေးအဖွဲ့မှကျောင်းသား/သူ များအား ကျန်းမာရေးကုသစောင့်ရှောက်ပေး
နတ်မောက် ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်တိုင်းရင်းဆေး ကုဌာနတို့ပူးပေါင်း၍ကျန်းမာရေးကုသစောင့်ရှောက်ပေးခဲ့ရာယမန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ခဲ့သည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်မြို့နယ်တိုင်းရင်းဆေးကုဌာနလက်ထောက်တိုင်းရင်းဆေး မှူးဒေါ်ညိုယဥ်နွဲ့ကအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/သူ များအားသွေး ပေါင်ချိန်ခြင်း၊နှာစေး၊ချောင်းဆိုးခြင်း၊အစာမကြေခြင်းတို့ကိုတိုင်းရင်းဆေးဝါးများဖြစ်သည့်သောက် ဆေးပေးခြင်း၊လိမ်းဆေးပေးခြင်းများကိုကျောင်းသား/သူ( ၇၀)ဦးကုသပေးခဲ့ကြောင်းသိရသည်။ နတ်မောက်မြို့နယ်တိုင်းရင်းဆေးကုဌာနကွင်းဆင်းဆေးကုသရေးအဖွဲ့ဝန်ထမ်းများကမြို့ပေါ်ရှိအခြေ ခံပညာကျောင်းများသို့လစဥ်နယ်လှည့်ကွင်းဆင်းကုသပေးလျက်ရှိကြောင်းသိရသည်။



