နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နတ်မောက် ဇူလိုင် ၉

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသား/သူလူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်၍လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက်၉နာရီခွဲအချိန်ကအမှတ်( ၂)အခြေခံပညာအ ထက်တန်းကျောင်းတွင်ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင်ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြစိုးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်စကားဝိုင်းကျင်းပရ ခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားရာကျောင်းသား/သူ များကျောင်းစာအပြင်ပြင်ပဗဟုသု တရရှိမည့်စာကောင်းပေမွန်များကိုလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စဥ်းစား တွေးခေါ်မှုမြင့်မားလာစေရန်နှင့်အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သောအလေ့အထကောင်းများရရှိ လာစေရန်၊ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်များဖြင့်လူငယ်စကား ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)ကဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီးအ.ထ.က( ၁) ကျောင်းမှကျောင်းသူဖြစ်သည့်Grade-11မလှဝင်းကြည်၊အ.ထ.က( ၂)ကျောင်းမှကျောင်းသူဖြစ်သည့် Grade-11မချမ်းအေးအိမ်၊အ.ထ.က( အောင်ဆန်း)ကျောင်းမှကျောင်းသူဖြစ်သည့်Grade-11မနွေးမြတ်နိုးခင်၊အ.လ.က( တမာပင်)ကျောင်းမှကျောင်းသားဖြစ်သည့်Grade-9မောင်အံ့ဘုန်းရှင်မင်း တို့ကစာရေးဆရာနန္ဒာသိန်းဇံရေးသားသည့်ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းခေါင်းစဥ်ဖြင့်အသီးသီး ဆွေးနွေးကြပြီးစကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်ကျောင်းသား/သူ များကလည်း အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026