အသုံးပြုနိုင်သည့် ဝန်ဆောင်မှုများ

ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ ကွန်ပျူတာခန်းမ၊ ဘက်စုံသုံးခန်းမ၊ အားကစားခန်းမ၊ ဟင်းလင်းပြင်ကာယလေ့ကျင့်ခန်း၊ အနုပညာခန်းမ၊ ကလေးကစားကွင်း၊ ကားပါကင်

လူထုအခြေပြုဗဟိုဌာန (နတ်မောက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဖလပလခေတ်မှ ၁၉၉၁ ခုနှစ် ဇန်နဝါရီလအထိ ပြန်ကြား ရေးနှင့်အသံလွှင့်ဦးစီးဌာနအောက်တွင် ခရိုင်ခွဲမြို့နယ်များ၊ မြို့ကြီးများတွင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီး ဌာန စာကြည့်တိုက်များဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်တွင် ယခင် ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန လက်အောက်ဌာနခွဲတစ်ခုအဆင့်မှ သီးခြားဦးစီးဌာနအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဟူ၍ ဖွဲ့စည်းပေးခဲ့ပါသည်။