နတ်မောက်မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့သုတ/ရသစာအုပ်များလာရောက်လှူဒါန်းပေး

နတ်မောက်မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့သုတ/ရသစာအုပ်များလာရောက်လှူဒါန်းပေး

နတ်မောက်   ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် ယမန်နေ့ နံနက်ပိုင်း က မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ သုတစာအုပ်များ လာရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။                      နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် Digital Library Management System (DLMS) စနစ်ဖြင့် စာငှားသူများအချိန်တိုအတွင်းမိမိကြိုက်နှစ်သက်သောစာအုပ်များကို စာရေးသူအမည်/စာအုပ်အမည်များဖြင့် ရှာဖွေ၍နေ့စဉ်စာငှားသူ (၇၀)ဦးခန့်ကို ရုံးဖွင့်ရက်များတွင် ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ငှားရမ်းပေးလျက်ရှိသည်။ ထိုသို့ ငှားရမ်းပေးခြင်းနှင့်အတူ လစဉ် အလှူရှင်များ၊ စာဖတ်စာငှားလာသူများ အားစည်းရုံး၍ အလှူရှင်တိုးပွားရေး‌ ဆောင်ရွက်လျက်ရှိရာ ၊ နတ်မောက် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့ ဈေးရပ်ကွက်နေ အလှူရှင် ဆရာကြီး ဦးသန်းဇော် ကိုယ်စား စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝင်းမေထွန်းက လှူဒါန်းပေးရာ ဦးစီးအရာရှိဒေါ်ဥမ္မာခင်က လက်ခံရယူခဲ့ပြီး သုတစာအုပ်(၄၀)အုပ်အတွက်တန်ဖိုးငွေကျပ် (၁၂၅၀၀ဝိ/)ရှိကြောင်းသိရသည်။