နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဗဟုသုတမျှဝေခြင်းအစီအစဥ် ဆောင်ရွက်ပေး
နတ်မောက် သြဂုတ် ၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဝန်ထမ်းများ အသိပဥာဏ်နှင့်စွမ်းရည်မြှင့်တင်ရန်၊အတွေ့အကြုံအသစ်များဖလှယ်ရန်၊လူမှုအသိုက်အဝန်းအတွင်း တီထွင်ဖန်တီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်ဗဟုသုတ မျှဝေခြင်းအစီအစဥ်ဖြင့်ဆောင်ရွက်ခြင်းကိုယမန်နေ့နံနက်၁၁နာရီအချိန်ကအဆိုပါရုံးတွင်ဆောင် ရွက်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကရုံးဝန်ထမ်း များလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်တာဝန်သိမှု၊တာဝန်ယူမှု၊တာဝန်ခံမှုများရှိစေရန်စာရေးဆရာနေလင်းသူရေးသားသည့် “တိတ်ဆိတ်ခြင်း၏တန်ဖိုး”ခေါင်းစဥ်ပါအကြောင်းအရာ များကိုရှင်းလင်းပြောကြားခဲ့သည်။အဆိုပါဗဟုသုတမျှဝေခြင်းအစီအစဥ်ဆောင်ရွက်ရာတွင်ရုံးဝန် ထမ်းများကစိတ်ပါဝင်စားစွာရေးမှတ်ကြပြီးသိရှိလိုသည့်အကြောင်းအရာများကိုအပြန်အလှန်မေး မြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။



