နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိရုံးဝန်ထမ်းများအားသတင်းရေးသားနည်းသင်တန်းဖွင့်လှစ်
နတ်မောက် မေ ၂၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိရုံးဝန်ထမ်း များအားလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့်သတင်းများကိုအချိန်နှင့်တစ်ပြေးညီမှန်ကန်စွာ ရေးသားထုတ်လွှင့်နိုင်ရန်ရည်ရွယ်၍သတင်းရေးသားနည်းသင်တန်းကိုယမန်နေ့နေ့လယ်ပိုင်းအချိန် ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( တွဲဘက်-ဦးစီးအရာရှိ)ကသတင်းဖွဲ့စည်းတည်ဆောက်ပုံ၊သတင်းတန်ဖိုးနှင့်အင်္ဂါရပ်များ၊သတင်းဓာတ်ပုံစသည့် အကြောင်းအရာများကိုစနစ်တကျရေးသားသင်ကြားခဲ့သည်။အဆိုပါသင်တန်းသို့နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိရုံးဝန်ထမ်းများတက်ရောက်ကြပြီးသင်တန်းတွင်စာ တွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်းသိရသည်။


