(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အသိပညာပေးဟောပြောပွဲကျင်းပ

 (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက် ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံ သုံးခန်းမတွင်ကျင်းပခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကျဉ်း၊ လွတ်လပ်ရေးကာလအတွင်းချုပ်ဆိုခဲ့သောစာချုပ်များ နှင့် နယ်ချဲ့တို့၏ လက်အောက်တွင် ကျွန်ဘဝဖြင့် နေခဲ့ရသောဘဝမှ လွတ်မြောက်ခဲ့ရသောကြောင့်လွတ်လပ်ရေး၏ အနှစ်သရ ကြီးမြတ်လှပုံနှင့် လွတ်လပ်ရေးကြီးအဓွန့်ရှည်စေရန် သူ့ကျွန်ဘဝဖြင့်နေခဲ့ရသော ခါးသီးသည့် အတွေ့အကြုံ များကို အစဉ်အမှတ် ရသင့်နေပါကြောင်းနှင့် ဘိုးဘွားများရယူခဲ့သောလွတ်လပ်ရေးကြီးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပြီး လွတ်လပ်ရေးနေ့ကို မမေ့မလျော့ သတိရနေသင့်ပါကြောင်း စသည့်အကြောင်းအရာများကို ‌ပြောကြားခဲ့သည်။                                                                             အဆိုပါဟောပြောပွဲသို့ မြို့ပေါ်ရှိအခြေခံကျောင်းများမှ ကျောင်းသား/သူ(၅၅)ဦးတက်ရောက်ခဲ့ပြီး၊ဟောပြောပွဲ အပြီးတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသော(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ဝေငှပေးခဲ့ကြောင်းသိရသည်။

oplus_1026
oplus_1026