နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးစာစီစာကုံးပြိုင်ပွဲကျင်းပ 

နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးစာစီစာကုံးပြိုင်ပွဲကျင်းပ                                                                                                နတ်မောက် ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကို  ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။                                                                                   ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာပေလေ့လာ ဖတ်ရှု့ သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ၊အနာဂတ်တွင် အသိပညာဗဟုသုတကြွယ်ဝသည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ၊စာစီစာကုံးပြိုင်ပွဲကျင်းပခဲ့ရာ  ငွေနှင်းစိုစို လပြာသို ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများ က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှမူလတန်းအဆင့် ကျောင်းသား/သူ(၃၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသူများအား မြို့နယ်ဦးစီးအရာရှိ က ဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

oplus_1026