နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီးကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က အားလပ်ချိန်များတွင် ကျောင်းစာကြည့်တိုက် သို့သွား၍ ဖတ်ရှုခြင်း၊ စာအုပ်စာပေများ မိမိ ဘာသာ ဝယ်ယူဖတ်ရှုခြင်း၊ သူငယ်ချင်းများနှင့် စာအုပ်များ လဲလှယ်ဖတ်ရှုခြင်း၊ အွန်လိုင်းတွင် စာအုပ်များ ရှာဖွေဖတ်ရှုခြင်းတို့ဖြင့် စာပေဖတ်ရှု သည့် အလေ့အထကို ပြုစုပျိုးထောင်နိုင်ပါကြောင်း၊ ကျောင်း သင်ခန်းစာများနှင့်ဆက်စပ်၍ ပြင်ပစာအုပ်များဖတ်ရှုခြင်း၊ ဆွေးနွေးခြင်းဖြင့်လည်း စာဖတ်ခြင်း အလေ့အထကို ပြုစုပျိုးထောင်နိုင်ပါကြောင်း စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲပြီး နံရံကပ်စာစောင်များကိုလည်း ခင်းကျင်းပြသရာ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။



