နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ၁၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်ကျောင်းသား/သူလေးများ စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင်အသိပညာဗဟုသုတကြွယ်ဝသည့် လူငယ်လူရွယ်များဖြစ်လာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာပြိုင်ပွဲတွင်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက်သည့်ခေါင်းစဥ်များဖြင့်ယှဥ်ပြိုင်ခဲ့ကြရာ ဝင်ရောက်ယှဥ်ပြိုင်သည့်ကျောင်းသား/သူလေးများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်ကဆုများချီးမြှင့်ခဲ့ပြီး
ကျောင်းသား/ သူလေးများကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကပြသထားသည့် နံရံကပ်စာစောင်များကိုကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

