နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ
နတ်မောက် ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် ယနေ့ နံနက် (၉)နာရီ က “လူငယ်တွေ စဉ်းစားဖို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ နားထောင်မှုစွမ်းရည် ၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် စာဖတ်ဝိုင်း ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ၊ စာရေးဆရာအောင်ကိုဦး(UMK)ရေးသားသော “လူငယ်တွေ စဉ်းစားဖို့” စာအုပ် ထဲမှ “ဗီဇနဲ့ပတ်ဝန်းကျင်” ပါအကြောင်းအရာကိုဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်ပြီးတက်ရောက် လာသော Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား/သူများက မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။


