နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် ဖေဖော်ဝါရီ၁၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့ နံနက်၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်ဆုံသုံးခန်းမတွင်ကျင်းပခဲ့ သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကစာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မာစေရန်၊စိတ် လက်ပျော်ရွှင်စေရန်၊ဥာဏ်ရည်
ဥာဏ်သွေးထက်မြက်စေရန်ရည် ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍အလယ်တန်းအဆင့် ကျောင်းသား/သူများဖြင့်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာကျောင်းသား/သူလေးများမှမိမိတို့ကြိုက်နှစ်သက်ရာကဗျာများဖြင့်ဝင်
ရောက်ယှဥ်ပြိုင် ကြပြီးအဆိုပါကဗျာရွတ်ဆိုပြိုင်ပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှအလယ်တန်းအဆင့်ဆရာမများ၊ကျောင်း သား/သူ များစုစုပေါင်း(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
![]()


