နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်လူငယ်စာဖတ်ဝိုင်းဆွေးနွေး ပွဲပြုလုပ်
နတ်မောက် မတ် ၁၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်လူငယ်များစာဖတ်ရှုသည့်အလေ့အထပိုမိုထွန်းကားလာစေ ရန်နှင့်အသိပညာဗဟုသုတများအပြန်အလှန်ဖလှယ်နိုင်စေရန်ရည်ရွယ်၍စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ် များအားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊စာဖတ်ရှုခြင်းဖြင့်ဆင်ခြင်တုံတရားနှင့်ဗဟု သုတများကြွယ်ဝလာစေရန်၊တစ်ဦးနှင့်တစ်ဦးအမြင်ချင်းဖလှယ်ပြီးစကားပြောဆိုဆက်ဆံမှုစွမ်း ရည်များတိုးတက်လာစေရန်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်အိပြည့်ပြည့်ခိုင်(လုပ်သားရုပ်သံ)ကစာရေးဆရာမင်းဗထူးရေးသားသည့် ဆက်စပ်မှုရှိခြင်း၏အင်္ဂါရပ်များစာအုပ်ပါ အကြောင်းအားဖတ်ကြားဆွေးနွေးခဲ့ရာတတ်ရောက် လာကြသည့် လူငယ်များကလည်းမိမိတို့၏ အမြင်များ၊သင်ခန်းစာများနှင့်ဗဟုသုတဖြစ်ဖွယ်ရာများကို တစ်ဦးချင်းအလိုက်အလှည့်ကျဆွေးနွေးခဲ့ကြသည်။အဆိုပါစာဖတ်ဝိုင်းသို့နတ်မောက်မြို့ပေါ်ရှိ ကျောင်းသား/သူ များစာပေဝါသနာရှင်လူငယ်များတတ်ရောက်ခဲ့ကြပြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကအသိပညာပေးလုပ်ငန်းများကို လစဥ်စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။



