နတ်မောက်မြို့၌၂၀၂၆မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး 

နတ်မောက်မြို့၌၂၀၂၆မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

နတ်မောက် မေ ၁၂

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ၂၀၂၆မိုးရာသီစိုက်ပျိုးစ ရိတ်ချေးငွေများပေးအပ်ပွဲကိုယနေ့နံနက်၁၀ နာရီအချိန်ကမြို့နယ်ပြန်ကြားနှေင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်မြို့နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဌ ဦးဝင်နိုင်ဦးကအဖွင့်အမှာစကားပြော ကြားပြီးမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာဒေါ်မိုးမိုးသိန်းကအစိုးရအဖွဲ့၏ရက်၁၀၀အ တွင်းတောင်သူလယ်သမားများသို့စိုက်ပျိုးစရိတ်ချေးငွေနှင့်လယ်ယာသုံးစက်ကိရိယာချေးငွေထုတ် ချေးရေးလုပ်ငန်းအကြောင်းအရာများကိုရှင်းလင်းပြော ကြားခဲ့သည်။ထို့နောက်မြို့နယ်ချေးငွေအကြံ ပေးအဖွဲ့ဥက္ကဌဦးဝင်းနိုင်ဦး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဇော်လတ်မိုး၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးဇော်မြင့်သူ၊မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာဒေါ်မိုးမိုးသိန်းနှင့်ဌာနဆိုင်ရာအကြီးအကဲတို့ကတက်ရောက်လာကြသည့်မြို့မအုပ်စုမှဘဏ်ခွဲဝင် တောင်သူ( ၄၄)ဦးအားစပါးတစ်ဧက ( ၃၀၀၀၀၀)ကျပ်၊နှမ်းတစ်ဧက( ၂၅၀၀၀၀)ကျပ်၊နှုန်းဖြင့်စပါး ( ၃၃)ဧက၊နှမ်း( ၁၁၆)ဧကစုစု ပေါင်း( ၁၄၉)ဧကအတွက်ချေးငွေပမာဏကျပ်( ၃၈.၉၀)သန်းတို့ကိုအသီးသီးစတင်ထုတ်ချေးပေး လျက်ရှိသည်။

နတ်မောက်မြို့နယ်တွင်၂၀၂၆မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအားစပါးဧက( ၁၀၀၀)၊အခြားသီးနှံ ဧက( ၂၈၅၀၀)စုစုပေါင်းဧက( ၂၉၅၀၀)အတွက်ချေးငွေပမာဏကျပ်( ၇၄၂၅.၀၀)သန်းထုတ်ချေး ရန်လျာထားကြောင်းနှင့်ထုတ်ချေးရန်ကျန်ရှိသည့်ကျေးရွာအုပ်စုများသို့ဆက်လက်ထုတ်ချေးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာဒေါ်မိုးမိုးသိန်းထံ မှသိရသည်။